မြန်မာနိုင်ငံမှာ ကိုဗစ်အတည်ပြုလူနာ တသိန်းခုနှစ်သောင်းနီးပါး ရှိလာ

2021.07.05
မြန်မာနိုင်ငံမှာ ကိုဗစ်အတည်ပြုလူနာ တသိန်းခုနှစ်သောင်းနီးပါး ရှိလာ ဇူလိုင်လ ၅ ရက်နေ့က ချင်းပြည်နယ် ဖလမ်းမြို့မှာ ကိုဗစ်-၁၉ ကြောင့် သေဆုံးသူတဦးကို သဂြိုဟ်ရန် ပြင်ဆင်နေစဉ်။
Photo: RFA

မနေ့က တရက်တည်း ကိုဗစ်-၁၉ အတည်ပြုလူနာသစ် ၂၉၆၉ ဦးတွေ့ရှိခဲ့တယ်လို့ စစ်ကောင်စီ ကျန်းမာရေးဝန်ကြီးဌာနက ဇူလိုင်လ ၅ ရက်နေ့ညက သတင်းထုတ်ပြန်ပါတယ်။

ဒီလူနာသစ် ၂၉၆၉ ဦးနဲ့ဆိုရင် အတည်ပြုလူနာ စုစုပေါင်း ၁၆,၈၃၇၄ ယောက် ရှိနေပါပြီ။ မနေ့က ကိုဗစ်-၁၉ ကူးစက်ခံရပြီး သေဆုံးသူ ၄၂ ဦး ရှိခဲ့တာကြောင့် သေဆုံးသူ စုစုပေါင်းက ၃၄၆၁ ဦး အထိ ရှိနေပြီ ဖြစ်ပါတယ်။

လက်ရှိ ပိုးတွေ့အတည်ပြု လူနာတွေထဲမှာ ကိုဗစ်မျိုးရိုးဗီဇကွဲရောဂါပိုး သုံးမျိုးကို စစ်ဆေးတွေ့ရှိထားတယ်လို့ စစ်ကောင်စီ ကျန်းမာရေးဝန်ကြီးဌာနက ဇွန်လက ထုတ်ပြန်ကြေညာထားပါတယ်။

ရှမ်းပြည်နယ်မြောက်ပိုင်း လားရှိုးမြို့မှာတော့ ဇွန်လ ၈ ရက်နေ့ကစပြီး ဇူလိုင် ၅ ရက်နေ့အထိ ကိုဗစ်-၁၉ ကြောင့် သေဆုံးနှုန်းတွေ မြင့်နေပြီး ပိုးတွေ့အတည်ပြုလူနာ တွေ့ရှိနှုန်းလည်း တစ်နေ့ထက်တစ်နေ့ မြင့်တက်လာနေတယ်လို့ ပရဟိတ လုပ်ဆောင်ပေးနေသူတွေက ပြောပါတယ်။

စစ်ကောင်စီ ကျန်းမာရေးဝန်ကြီးဌာနရဲ့ မနေ့က ထုတ်ပြန်ချက်အရ ကိုဗစ်အတည်ပြုလူနာသစ်တွေ အများဆုံးတွေ့တဲ့ ဒေသတွေက ပဲခူးတိုင်း၊ ရှမ်းပြည်နယ်၊ ရန်ကုန်တိုင်း၊ ဧရာဝတီတိုင်း၊ စစ်ကိုင်းတိုင်း၊ မကွေးတိုင်း၊ မွန်ပြည်နယ်နဲ့ မန္တလေးတိုင်းတို့ ဖြစ်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။