ကိုဗစ်ကြောင့် တစ်ရက်အတွင်း ၅၂ ဦး သေဆုံး

2021.07.06
ကိုဗစ်ကြောင့် တစ်ရက်အတွင်း ၅၂ ဦး သေဆုံး ဇူလိုင်လ ၁ ရက်နေ့က ချင်းပြည်နယ် ဖလမ်းမြို့မှာ ကိုဗစ် -၁၉ ကြောင့် သေဆုံးသွားသူ တဦးကို သဂြိုဟ်နေစဉ်။
Photo: Chin World

ကိုဗစ်ကပ်ရောဂါကြောင့် မြန်မာနိုင်ငံမှာ တရက်အတွင်း သေဆုံးသူ ၅၂ ယောက် ရှိခဲ့တယ်လို့ စစ်ကောင်စီကျန်းမာရေးဝန်ကြီးဌာနရဲ့ မနေ့ကညပိုင်း နောက်ဆုံးထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

ဒါဟာ ကိုဗစ်- ၁၉ ကပ်ရောဂါကြောင့် တရက်အတွင်း သေဆုံးမှုအများဆုံး စံချိန်တင်ခဲ့တဲ့ အရေအတွက်ဖြစ်ပါတယ်။ အခုဆို မြန်မာနိုင်ငံမှာ ကိုဗစ်ကြောင့် သေဆုံးသူ စုစုပေါင်း ၃၅၁၃ ယောက် ရှိသွားပါပြီ။

ကိုဗစ် တတိယလှိုင်းကာလအတွင်း သေဆုံးမှုတွေသိသိသာသာ တိုးလာနေသလို ကူးစက်မှုကလည်း သိသိသာသာမြင့်မားနေတာပါ။ မနေ့က ၂၄ နာရီအတွင်း ကိုဗစ်အတည်ပြု လူနာသစ် ၃၆ဝ၂ယောက်ကို စစ်ဆေးတွေ့ရှိတယ်လို့ ကျန်းမာရေးဝန်ကြီးဌာနက ကြေညာပါတယ်။ ဒီအရေအတွက်ကလည်း ပိုးတွေ့နှုန်းအများဆုံးအဖြစ် စံချိန်တင်ခဲ့တာပါ။ အဲဒါကြောင့် ကိုဗစ်အတည်ပြုလူနာ စုစုပေါင်း မြန်မာနိုင်ငံမှာ ၁၇, ၁ ၉၇၆ယောက်ရှိသွားပါပြီ။

ကူးစက်မှု ပိုမြန်ပြီးအသက် သေစေလောက်အောင် ပြင်းထန်တဲ့ ကိုဗစ်ဗီဇပြောင်း ပိုးသစ်တွေ မြန်မာနိုင်ငံမှာရှိနေပြီလို့ ကျန်းမာရေးဌာနက ပြီးခဲ့တဲ့လတုန်းက ကြေညာခဲ့ပြီး သေဆုံးသူနဲ့ ကူးစက်သူအရေ အတွက်ဟာလည်း ပြီးခဲ့တဲလကစလို့ သိသိသာသာ မြင့်တက်လာခဲ့တာပါ။

ရောဂါပိုးကူးစက်မှုတွေ မြင့်တက်လာနေလို့ နေအိမ်မှာပဲ နေထိုင်ကြဖို့ ကန့်သတ်ချက် ထုတ်ပြန်ထားတဲ့ မြို့နယ်ပေါင်း ၂၆ခုရှိနေပါပြီ။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။