CRPH နဲ့ KPICT ဖက်ဒရယ်ဒီမိုကရေစီရရှိရေး ဆွေးနွေး

2021.11.14
CRPH နဲ့ KPICT ဖက်ဒရယ်ဒီမိုကရေစီရရှိရေး ဆွေးနွေး ကချင်နိုင်ငံရေး ပူးပေါင်းဆောင်ရွက်မှုအဖွဲ့ (KPICT) နဲ့ ပြည်ထောင်စုလွှတ်တော် ကိုယ်စားပြုကော်မတီ (CRPH) တို့ ၂၀၂၁၊ နိုဝင်ဘာ ၁၃ ရက်နေ့က ဆွေးနွေးစဉ်
Photo: CRPH

KIA ကချင်လွတ်မြောက်ရေးအဖွဲ့ရဲ့ ထိပ်ပိုင်းခေါင်းဆောင် ဗိုလ်ချုပ် ဂွမ်မော် ပါဝင်တဲ့ ကြားကာလ ကချင် နိုင်ငံရေး ပူးပေါင်းဆောင်ရွက်မှုအဖွဲ့ (KPICT) နဲ့ ပြည်ထောင်စုလွှတ်တော် ကိုယ်စားပြုကော်မတီ (CRPH) တို့ဟာ ဖက်ဒရယ်ဒီမိုကရေစီရရှိရေး ဆောင်ရွက်ချက်တွေကို နိုဝင်ဘာ ၁၃ ရက် မနေ့က ဆွေးနွေးခဲ့တယ်လို့ CRPH က ထုတ်ပြန်ပါတယ်။

နိုင်ငံတကာနဲ့ ပူးပေါင်းဆောင်ရွက်တဲ့ အခြေအနေ၊ လူသားချင်းစာနာမှုဆိုင်ရာ အကူအညီရရှိရေး အခြေအနေ တွေကိုလည်း ဆွေးနွေးခဲ့ပြီး ဆက်ပြီးတော့ ပုံမှန်တွေ့ဆုံသွားမယ်လို့ ဆုံးဖြတ်ခဲ့ကြကြောင်း ဖော်ပြထား ပါတယ်။

ဒီကြားကာလ ကချင်နိုင်ငံရေး ပူးပေါင်းဆောင်ရွက်မှုအဖွဲ့ (KPICT) မှာ ဥက္ကဋ္ဌ ကျန်မကြားတူးရှန်၊ အတွင်းရေးမှူး ဦးအင်ဆန်ဂွမ်ဆန်၊ တွဲဖက်အတွင်းရေးမှူး ဦးခွန်းအောင် နဲ့ ဗိုလ်ချုပ် ဂွမ်မော် တို့ ပါဝင်နေတယ်လို့လည်း ရေးသားထားပါတယ်။

CRPH ဘက်ကတော့ ဥက္ကဋ္ဌ ဦးအောင်ကြည်ညွန့်၊ အတွင်းရေးမှူး အဖွဲ့ဝင်တွေ ဖြစ်တဲ့ ဦးထွန်းမြင့်၊ ဒေါ်ဖြူဖြူသင်း၊ မိုင်းလမင်းထွန်း တို့လည်း ပါဝင်တယ်လို့ ဖော်ပြထားပါတယ်။

KPICT ကို ပြည်တွင်း၊ ပြည်ပရှိ ကချင်အဖွဲ့အစည်း ငါးခုက ကိုယ်စားလှယ် ၁၅ ယောက်နဲ့ မတ်လ ၁၅ ရက်နေ့ မှာ စုဖွဲ့ထားခဲ့တာ ဖြစ်ပါတယ်။

အဲဒီနောက် မတ်လ ၂၂ ရက်နေ့မှာတော့ CRPH နဲ့ ဆွေးနွေးမှု စတင်လုပ်လာပြီး မေလ ၂၇ ရက်နေ့မှာ ကြား ကာလ သဘောတူညီချက်ကို လက်မှတ်ရေးထိုးခဲ့ကြပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။