အရပ်ဘက်အဖွဲ့တွေ မှတ်ပုံတင်ဖို့ ခက်ခဲနေဆဲ
2016.07.27

အသင်းအဖွဲ့များ မှတ်ပုံတင်ခြင်း ဥပဒေတွေ၊ နည်းဥပဒေတွေ ပြဌာန်းထားပေမယ့် အရပ်ဘက် လူမှုအဖွဲ့အစည်းတွေ တရားဝင်မှတ်ပုံတင်ရာမှာ အခက်အခဲတွေ ရှိနေတယ်လို့ အရပ်ဘက် အဖွဲ့အစည်း ကိုယ်စားလှယ်တွေက ပြော ပါတယ်။
ဒီနေ့ နေပြည်တော် သင်္ဂဟဟိုတယ်မှာ အသင်းအဖွဲ့များ မှတ်ပုံတင်ခြင်းဆိုင်ရာ ဥပဒေ၊ နည်းဥပဒေတွေနဲ့ ပတ်သက် တဲ့ အလုပ်ရုံဆွေးနွေးပွဲမှာ Triangle Women Support အဖွဲ့က မခင်လေး က ဝန်ကြီးဌာနတွေရဲ့ ဆောင်ရွက် ချက်တွေမှာ ကြန့်ကြာမှုတွေ ရှိနေတယ်လို့ ပြောပါတယ်။
အရပ်ဘက်လူမှုအဖွဲ့အစည်းတွေ မှတ်ပုံတင်ရာမှာ ကြန့်ကြာမှုရှိတာတွေဟာ အစိုးရဌာနဆိုင်ရာ ဝန်ထမ်းတွေ လုပ်ရည်ကိုင်ရည် အားနည်းမှုကြောင့် နားလည်မှုလွဲတာတွေ ရှိတယ်လို့ ပြည်ထဲရေး ဝန်ကြီးဌာန အမြဲတမ်း အတွင်းဝန် ဦးတင်မြင့် က ပြောပါတယ်။
"ဒီအထဲမှာဆိုရင် မှတ်ပုံတင်ထုတ်ပေးဖို့ပဲဖြစ်ဖြစ်၊ သက်ဆိုင်ရာဝန်ကြီးဌာနတွေကနေ ထောက်ခံ ချက်ပေးတဲ့အခါမှာ စောလျင်စွာလုပ်ပေးရမယ်လို့ပါပေမဲ့ ကြန့်ကြာမှုတွေက အခုအချိန်ထိရှိနေတယ်"
အသင်းအဖွ့ဲများ မှတ်ပုံတင်ခြင်းဆိုင်ရာ ဥပဒေကို ၂၀၁၄ ခုနှစ် ဇူလိုင်လမှာ ပြည်ထောင်စု လွှတ်တော်က အတည်ပြုခဲ့ပြီး နည်းဥပဒေကို ပြီးခဲ့တဲ့နှစ် ဇွန်လမှာ ပြည်ထဲရေးဝန်ကြီးဌာနက ထုတ်ပြန်ခဲ့ပါတယ်။
အဲဒီဥပဒေမှာ အသင်းအဖွဲ့ မှတ်ပုံတင်ကြေးကို မြို့နယ်၊ ခရိုင်အဆင့် အသင်းတွေ ပေးစရာမလိုပဲ ပြည်နယ်၊ တိုင်းအဆင့်ဆိုရင် ကျပ်သုံးသောင်းနဲ့ တစ်နိုင်ငံလုံး အဆင့်ဆိုရင် ကျပ် တစ်သိန်းသာ ပေးသွင်းရမယ် ဆိုပြီး ဖြေလျော့ပေးထားပါတယ်။
ဆွေးနွေးပွဲကို ပြည်ထဲရေးဝန်ကြီးဌာန၊ အရပ်ဘက်လူမှုအဖွဲ့အစည်းတွေနဲ့ ပြည်တွင်း၊ ပြည်ပ လူမှုအဖွဲ့အစည်း ကိုယ်စားလှယ်တွေ တက်ရောက်ခဲ့ကြပါတယ်။