မဲရုံတွေမှာ လွတ်လပ်စွာ မှတ်တမ်းယူခွင့်ပေးဖို့ တောင်းဆို


2015.07.14
utinaye-mpc-620.jpg ရန်ကုန်မြို့ မြန်မာငြိမ်းချမ်းရေးစင်တာမှာ ဇွန်လ ၈ ရက်နေ့က ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင် ဥက္ကဌ ဦးတင်အေး သတင်းမီဒီယာသမားတွေကို တွေ့ဆုံရှင်းလင်းနေစဉ်
Photo: Kyaw Lwin Oo/RFA

ရွေးကောက်ပွဲကျင်းပတဲ့နေ့ မဲရုံတွေမှာ လွတ်လပ်စွာ မှတ်တမ်းယူခွင့်ပြုဖို့အတွက် ရွေးကောက်ပွဲ လေ့လာစောင့် ကြည့်ရေးနဲ့ ပညာပေးမိတ်ဖက်များအဖွဲ့က ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်ကို တောင်းဆိုလိုက်ပါတယ်။

ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်နဲ့ ဒီကနေ့ နေပြည်တော်မှာ တွေ့ဆုံပြီး တောင်းဆိုခဲ့တာလို့ ရွေးကောက် ပွဲ စောင့်ကြည့်ရေးအဖွဲ့ဝင် New Myanmar Foundation အဖွဲ့က ဒေါ်မြနန္ဒာက ပြောပါတယ်။

"မဲရုံအတွင်းကို ကင်မရာတွေ၊ အသံဖမ်းတဲ့ဟာတွေ ယူသွားလို့မရဘူး ဆိုတဲ့ဟာတွေရှိတော့ ကျမတို့က တောင်း ဆိုချင်တာက မဲပေးပြီးတဲ့အချိန်မှာရိုက်ရင်ရော ဒီညနေ ၄ နာရီနောက်ပိုင်းမှာ ဆိုလို့ရှိရင်ရော မှတ်တမ်းယူလို့ ရမလားပေါ့၊ အဲ့ဒါလေးတွေ ဆွေးနွေးဖြစ်ပါတယ်"

ရွေးကောက်ပွဲကျင်းပတဲ့နေ့ မဲရုံတွေထဲကို ကင်မရာ၊ အသံဖမ်းစက် ယူဆောင်ခွင့်မပြုဆိုတဲ့ ပြည်ထောင် စု ရွေးကောက်ပွဲကော်မရှင်က ထုတ်ပြန်ထားတဲ့ စည်းကမ်းချက်တွေအရ မဲရေတွက်တဲ့အချိန်မှာ မှတ်တမ်းတင်ဖို့ အခက်အခဲရှိနိုင်တာကြောင့် အခုလိုတောင်းဆိုတာလို့ ပြောပါတယ်။ ဒီတောင်းဆိုချက်တွေကို ပြည်ထောင် စု ရွေးကောက်ပွဲကော်မရှင် ဥက္ကဌ ဦးတင်အေးက ပြန်လည်စဉ်းစားပေးမယ်လို့ ဆိုပါတယ်။

ရွေးကောက်ပွဲ စောင့်ကြည့်ရေးအဖွဲ့ဟာ ကချင်ပြည်နယ်ကလွဲပြီး ပြည်နယ်နဲ့တိုင်းဒေသကြီး ၁၃ ခု မှာ ရွေးကောက် ပွဲ စောင့်ကြည့်လေ့လာဖို့အတွက် အရပ်ဘက်လူမှုအဖွဲ့အစည်းပေါင်း ၂၀ ကျော်နဲ့ ဖွဲ့စည်းထားတာဖြစ်ပါတယ်။

New Myanmar Foundation အဖွဲ့က ဒေါ်မြနန္ဒာကို RFA သတင်းထောက် ကိုကျော်သူ ဆက်သွယ်မေးမြန်းထားတာ နားဆင်နိုင်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။