ဒဂုန်တာရာ ၉၆ နှစ်ပြည့်မွေးနေ့ အောင်ပန်း မှာကျင်းပ


2015.05.10
dagon-taryar-305.jpg စာရေးဆရာ ဆရာဒဂုန်တာရာရဲ့ ၉၆ နှစ်မြောက်မွေးနေ့ပွဲ အခမ်းအနားကို မေလ ၁၀ ရက်နေ့က ရှမ်းပြည်နယ် အောင် ပန်းမြို့က ဂူဗိမာန်မှာ ကျင်းပနေစဉ်။
Photo: Khun Yarzar/ RFA

ကွယ်လွန်သွားပြီဖြစ်တဲ့ စာရေးဆရာ ဆရာဒဂုန်တာရာ ရဲ့ ၉၆ နှစ်မြောက်မွေးနေ့ပွဲ အခမ်းအနားကို စာရေး ဆရာတွေ အနုပညာရှင်တွေက ရှမ်းပြည်နယ် အောင် ပန်းမြို့က ဂူဗိမာန်မှာ ကျင်းပခဲ့ပါတယ်။

ဆရာကြီးကို အောက်မေ့သတိရတဲ့ အနေနဲ့ စာပေ အသိုင်းအဝိုင်းက ကျင်းပတာ ဖြစ်တယ်လို့ ဆရာကြီး ဒဂုန်တာရာရဲ့ တူမဖြစ်သူ စာရေးဆရာမ သင်းမြစန္ဒီ က ပြောပါတယ်။

"ဦးလေးမွေးနေ့ပေါ့နော်၊ ခါတိုင်းလည်းလုပ်နေတာ၊ ဦးလေးကတိုင်းပြည်အတွက်ရော၊ မြန်မာစာပေ အတွက်ရော အများကြီးအလုပ်လုပ်တယ်လေ၊ အဲ့ဒါကို ဂုဏ်ပြုပွဲလုပ်တာပါ၊ နောင်နှစ်လည်း တတ်နိုင် သလောက် အဆင်ပြေသလိုလုပ်သွားမယ်လို့တော့ စီစဉ်ပါတယ်"

တက်ရောက်လာတဲ့ ကဗျာဆရာတွေက ဆရာကြီးဒဂုန် တာရာကို ဂုဏ်ပြုတဲ့ ကဗျာတွေ ရွတ်ဖတ်ခဲ့ ပါတယ်။ ဒါ့အပြင် မြန်မာနိုင်ငံစာရေးဆရာများသမဂ္ဂ၊ လူ့ဘောင်သစ် ဒီမိုကရက်တစ်ပါတီနဲ့ ဆရာကြီး သခင်ကိုယ်တော်မှိုင်း ငြိမ်းချမ်းရေးကွန်ရက် အဖွဲ့တွေက ဆရာကြီး ဒဂုန်တာရာရဲ့ ငြိမ်းချမ်းရေးမူဝါဒ အကြောင်းတွေကို ပြောကြားခဲ့ကြပါတယ်။

ဆရာကြီး ဒဂုန်တာရာကို ဧရာဝတီတိုင်းဒေသကြီး ကျိုက်လတ်မြို့နယ်၊ ထိုင်ကူမြစ်တန်း ရွာမှာ ၁၉၁၉ ခုနှစ် မေလ ၁၀ ရက် နေ့မှာ မွေးဖွားခဲ့တာဖြစ်ပြီး ဆရာကြီးဟာ ၂၀၁၃ ခုနှစ် သြဂုတ်လ ၁၉ ရက်နေ့မှာ အောင်ပန်းမြို့ နေအိမ် မှာ ကွန်လွန်ခဲ့တာ ဖြစ်ပါတယ်။

ဆရာကြီးရဲ့ မွေးနေ့အထိမ်းအမှတ်အခမ်းအနားကို ရန်ကုန်၊ မန္တလေးနဲ့ မုံရွာမြို့တွေ စာရေးဆရာတွေ၊ ကဗျာ ဆရာတွေ နဲ့ ဒေသခံတွေ တက်ရောက်ခဲ့ပါတယ်။

ဒီအကြောင်းနဲ့ပတ်သက်ပြီး RFA သတင်းထောက် မဝေမာထွန်း တင်ပြထားတာ ကိုလည်း နားဆင်နိုင်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။