ဆရာကြီး ဒဂုန်တာရာ ရဲ့ မြစ်ဆုံ ရပ်ဆိုင်းမှု ကျေးဇူးစကား

ကဗျာဆရာကြီး ဒဂုန်တာရာက အချက် ၃ ချက် တောင်းဆိုထားတဲ့ ငြိမ်းချမ်းရေး ပန်ကြားလွှာ အမှတ် (၄) ကို ဒီရက်ပိုင်းမှာ ဆက်လက် ထုတ်ပြန် ခဲ့ပါတယ်။

2011.10.04
dagon-tayar-305 မြန်မာစာပေလောကတွင် ထင်ရှားကျော်ကြားသော စာရေးဆရာ၊ ကဗျာဆရာကြီး ဒဂုန်တာရာ။
Photo: RFA

အဲဒီ ပန်ကြားလွှာမှာ တိုက်တွန်းထားတဲ့ အချက်တွေကတော့ မြစ်ဆုံရေကာတာကို ရပ်ဆိုင်းထားမယ်ဆိုတဲ့ သမ္မတ ဦးသိန်းစိန်ကို ကျေးဇူးတင်သလို၊ မြစ်ဆုံဆည်နဲ့ အခြား အန္တရာယ်များတဲ့ ဆည်တွေကိုလည်း အပြီးအပြတ် ရပ်စဲဖို့၊ ပြည်တွင်းစစ်ကို အပြီးငြိမ်းသတ်ဖို့နဲ့ နိုင်ငံရေး အကျဉ်းသားတွေ လွှတ်ပေးဖို့တို့ ဖြစ်ပါတယ်။

ဒါနဲ့ ပတ်သက်လို့ ဆရာကြီး ဒဂုန်တာရာက RFA ကို အခုလိုပြောပါတယ်။

“ အမှတ်(၄) ကတော့ နိုင်ငံရေး အကျဉ်းသားတွေ လွှတ်ဖို့၊ ဒေါ်အောင်ဆန်းစုကြည်နဲ့တကွ ဧရာဝတီကို ကယ်တင်ကြဖို့ အရေးကိစ္စ ဖြစ်ပါတယ်”

တဆက်တည်းမှာပဲ ကျောင်းသားခေါင်းဆောင် ကိုမင်းကိုနိုင် ဦးဆောင်ခဲ့တဲ့ ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂကို ပြန်ဖွဲ့စည်းသင့်တယ်၊ ကျောင်းသားရှိရင် ကျောင်းသားထုကို ကိုယ်စားပြုတဲ့ သမဂ္ဂရှိရမယ်လို့လဲ ဆရာကြီးဒဂုန်တာရာက ပြောပါတယ်။

ဒါ့အပြင် ဘယ်လို အလုပ်မျိုးမဆို အများဆန္ဒအတိုင်း ဖြစ်သင့်တယ်၊ အများစုဆန္ဒနဲ့ ဆောင်ရွက်တာ တွေကလဲ ထိရောက် မှန်ကန်လေ့ရှိတယ်လို့ ဆရာကြီး ဒဂုန်တာရာက ပြောပါတယ်။

အခုထုတ်ပြန်လိုက်တဲ့ ငြိမ်းချမ်းရေး ပန်ကြားလွှာ အမှတ် (၄) မှာ တိုင်းရင်းသားတွေ အပါအဝင် မြန်မာပြည်သူတွေ အနေနဲ့ ကောင်းအတူ ဆိုးအတူ ဒိုးတူပေါင်ဖက် လက်တွဲ ဆောင်ရွက်မယ်ဆိုရင် ဖြေရှင်းလို့ မရတာ မရှိပါလို့ ဖော်ပြထားပြီး၊ နိဂုံးမှာတော့ ဆရာကြီး သခင်ကိုယ်တော်မှိုင်း ၁၉၁၉ ခုနှစ်က ရေးသားခဲ့တဲ့ အင်္ဂလန်သွား ဒယ်ဒီဂိတ်ဘွဲ့ ကဗျာ မဟာလေးချိုးကြီးထဲက ကဗျာတပိုဒ်ကို ဖော်ပြထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။

မှတ်ချက်

Anonymous
2011-10-04 23:34

.Very very good .