ဓနုပါတီ တောင်ကြီးမြို့မှာ မဲဆွယ်စည်းရုံး


2015.09.18
danu-party-620.jpg ဓနုတိုင်းရင်းသားလူမျိုးများ ဒီမိုကရေစီပါတီဝင်တွေ စက်တင်ဘာလ ၁၈ ရက်နေ့က ရှမ်းပြည်နယ် တောင်ကြီးမြို့မှာ မဲဆွယ်စည်း ရုံးရေးဆင်းနေစဉ်
Photo: Khun Yarzar/RFA

ဓနုတိုင်းရင်းသားလူမျိုးများ ဒီမိုကရေစီပါတီဟာ ရှမ်းပြည်နယ် တောင်ကြီးမြို့က ရပ်ကွက်တိုင်းမှာ တစ်အိမ်တက် တစ်အိမ်ဆင်း ဒီကနေ့ မဲဆွယ်စည်းရုံးရေးဆင်းနေပါတယ်။

" တန်းတူညီမျှဖြစ်စေဖို့ ဓနုပါတီကိုမဲပေးစို့ " ဆိုတဲ့ ဆောင်ပုဒ်နဲ့အညီ ဓနုတိုင်းရင်းသားဒေသ ဖွံ့ဖြိုးတိုးတက်ရေးကို ဦးစားပေးပြုလုပ်သွားမယ်လို့ ကလောမြို့နယ်ကနေ ဝင်ရောက်ယှဉ်ပြိုင်မယ့် ကိုယ်စားလှယ်လောင်း ဒေါက် တာ ကျော်လွင်ထူးက ပြောပါတယ်၊

မဲဆွယ်စည်းရုံးမှုမှာ လက်ကမ်းစာစောင်တွေကို လိုက်လံဝေငှတာအပြင် လူထုအစည်းဝေးခေါ်ပြီး ဟောပြောပွဲတွေ လည်း ကျင်းပသွားမယ်လို့ ပြောပါတယ်၊

ဓနုတိုင်းရင်းသားလူမျိုးများ ဒီမိုကရေစီပါတီဟာ ရှမ်းပြည်နယ် တောင်ကြီး၊ ကလော၊ ပင်းတယ၊ ရပ်စောက်၊ ရွာငံနဲ့ နောင်ချို စတဲ့ ၆ မြို့နယ်မှာ လွတ်တော်ကိုယ်စားလှယ်လောင်း ၁၉ ဦး ဝင်ရောက်ယှဉ်ပြိုင်မှာ ဖြစ်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။