ဒေါ်အောင်ဆန်းစုကြည်ကို ချီးမြှင့်ထားတဲ့ဆု ရုပ်သိမ်း


2018.08.21
dassk-nobel-prize-622.jpg နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကို တွေ့ရစဉ်
Photo: State Counsellor of Myanmar's Facebook

ငြိမ်းချမ်းရေးနိုဘယ်လ်ဆု ရှင်ဒေါ်အောင်ဆန်းစုကြည်ကို ဗြိတိန်နိုင်ငံ စကော့တလန်ပြည်နယ် အီဒင်ဘာရာမြို့က ၂ဝဝ၅ ခုနှစ်မှာ ချီးမြှင့်ထားတဲ့ ဂုဏ်ထူးဆောင် လွတ်မြောက်ရေးဆုကို ပြန်ရုပ်သိမ်းဖို့ ဆုံးဖြတ်လိုက်ပါတယ်။

ရိုဟင်ဂျာတွေကို မြန်မာ့တပ်မတော်က အကြမ်းဖက်နှိပ်ကွပ်ခဲ့တဲ့ လုပ်ရပ်ကို ဒေါ်အောင်ဆန်းစုကြည်က ရေငုံနှုတ် ပိတ်နေခဲ့တဲ့အတွက် ပေးအပ်ထားတဲ့ဆုကို ရုပ်သိမ်းဖို့ ဆုံးဖြတ်တာလို့ ဆုချီးမြှင့်ခဲ့တဲ့အဖွဲ့က ပြောပါတယ်။

မြန်မာ့တပ်မတော်ကို ဒေါ်အောင်ဆန်းစုကြည် အုပ်ချုပ်ထားတာ မဟုတ်ဘူးဆိုပေမယ့်၊ တကမ္ဘာလုံးက ဝိုင်းပန်ကြားနေတာတောင် သူ့အနေနဲ့ အဲဒီ အကြမ်းဖက် လုပ်ရပ်ကို ဆန့်ကျင်တဲ့အကြောင်း ထုတ်မပြောခဲ့ဘူးလို့ ဆိုပါတယ်။

ရခိုင်ပြည်နယ်က အကြဖမ်းမှုတွေနဲ့ပတ်သက်လို့ ဒေါ်အောင်ဆန်းစုကြည် အနေနဲ့ပြစ်တင်ရှုံ့ချပြီး၊ ကုလသမဂ္ဂကို ဝင်ခွင့်ပေးဖို့ မြို့တော်ကောင်စီဥက္ကဋ္ဌ Frank Ross က ကောင်စီကိုယ်စား ဒေါ်အောင်ဆန်းစုကြည်ဆီကို မနှစ်က နိုဝင်ဘာလမှာ စာရေးသားပေးပို့ခဲ့ပါတယ်။ ဒါပေမယ့် အကြောင်းမပြန်တဲ့အတွက်၊ ပြီးခဲ့တဲ့ ကြာသပတေးနေ့က ပြုလုပ်တဲ့ ကောင်စီအစည်းအဝေးကနေ ဆုပြန်ရုပ်သိမ်းဖို့ ဆုံးဖြတ်တာလို့ သိရပါတယ်။

Freedom of Edinburg လို့ အမည်ပေးထားတဲ့ ဂုဏ်ထူးဆောင် လွတ်မြောက်ရေးဆုကို ချီးမြှင့်ပြီး မှ ပြန်ရုပ်သိမ်းတဲ့ဖြစ်ရပ်ဟာ နှစ်ပေါင်း ၂ဝဝ အတွင်း ဒေါ်အောင်ဆန်းစုကြည်က ဒုတိယမြောက် ဖြစ်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။