ဒေါ်အောင်ဆန်းစုကြည် မွေးနေ့အတွက် တစ်ကိုယ်တော်လှုပ်ရှားမှု ပြုလုပ်
2024.06.18

ဇွန်လ ၁၉ ရက် ဒီနေ့မှာကျရောက်တဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ၇၉ နှစ်မြောက် မွေးနေ့အထိမ်းအမှတ်အဖြစ် ရေဘဝဲပြည်သူ့ အကျိုးပြုလူငယ်အဖွဲ့က ဒီနေ့မနက်အစောပိုင်း တစ်ကိုယ်တော်လှုပ်ရှားမှု ပြုလုပ်ခဲ့ပါတယ်။
နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ရဲ့ နာမည်စာလုံးပါတဲ့ “SUU” စာတန်းနဲ့ "နှင်းဆီပုံ" ပါ ဘန်နာကိုကိုင်ဆောင်ပြီး ရန်ကုန်မြို့ရဲ့လမ်းမကြီးတွေမှာ လှုပ်ရှားမှုလုပ်ခဲ့တာပါ။
မွေးနေ့ရှင် ဒေါ်အောင်ဆန်းစုကြည်အပါအဝင် စစ်ကောင်စီရဲ့ ဖမ်းဆီးချုပ်နှောင်ခံထားရတဲ့ နိုင်ငံရေးအကျဥ်းသားတွေ လွတ်မြောက်ဖို့ဆုတောင်းကြောင်းလည်း ရေဘဝဲအဖွဲ့က ထုတ်ပြန်ထားပါတယ်။
စစ်ကောင်စီဘက်ကလည်း ဒေါ်အောင်ဆန်းစုကြည်မွေးနေ့မှာ နိုင်ငံတစ်ဝန်း ပန်းသပိတ်လှုပ်ရှားမှုနဲ့ ဆန္ဒပြပွဲတွေမဖြစ်အောင် လုံခြုံရေးအင်အားအပြည့်နဲ့ စောင့်ကြည့်နေတယ်လို့ တော်လှန်ရေးအင်အားစုတွေက ပြောကြပါတယ်။
ဇွန်လ ၁၆ ရက်နေ့နဲ့ ၁၇ ရက်နေ့တွေကလည်း ဒေါ်အောင်ဆန်းစုကြည်ရဲ့ မွေးနေ့အကြိုအဖြစ် ရန်ကုန်တိုင်း၊ စစ်ကိုင်းတိုင်းနဲ့ ဧရာဝတီတိုင်းတို့မှာ ဆန္ဒပြပွဲတွေ ပြုလုပ်ခဲ့ကြပါတယ်။