ဒေါ်အောင်ဆန်းစုကြည် စင်ကာပူနိုင်ငံကို ရောက်ရှိ
2013.09.20

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်း စုကြည်ဟာ ၄ ရက်ကြာခရီးစဉ်အဖြစ် စင်ကာပူနိုင်ငံကို ဒီနေ့ နေ့လည်ပိုင်းက ရောက်ရှိသွားပြီဖြစ်ပါတယ်။
ဒါဟာသူ့ရဲ့ပထမဆုံး စင်္ကာပူနိုင်ငံခရီးစဉ်ဖြစ်ပြီး လေဆိပ် မှာ ရာနဲ့ချီတဲ့မြန်မာနိုင်ငံသားတွေက ဒေါ်အောင်ဆန်း စုကြည်ကို လာရောက်ကြိုဆိုခဲ့ကြပါတယ်။ အဲလိုကြိုဆို ရာမှာပါဝင်တဲ့ မလင်းလက်ကြယ်စင်ပြောပြတာကတော့
“ဒေါ်အောင်ဆန်းစုကြည် စင်္ကာပူကိုရောက်ပါပြီရှင်၊ စင်္ကာပူစံတော်ချိန် ၁ နာရီခွဲဝန်းကျင်လောက် ကရောက်ပါတယ်၊ မြန်မာအယောက် ၁၅ဝ ဝန်းကျင်လောက်ရှိပါတယ်၊ ဒေါ်အောင်ဆန်းစုကြည် ထွက်လာမယ့် VIP လေဆိပ်အဆောက်အဦးရဲ့ အပြင်ဘက်မှာပေါ့နော်”
သူ့ရဲ့ ၄ ရက်ကြာ ခရီးစဉ်အတွင်း ဒေါ်အောင်ဆန်းစုကြည်ဟာ သမ္မတ တိုနီတန်ကန်း၊ လက်ရှိဝန်ကြီးချုပ် လီရှန်လွန်း၊ ဝန်ကြီးချုပ်ဟောင်း ဂိုချုပ်တောင်တို့နဲ့ တွေ့ဆုံမှာဖြစ်ပါတယ်။
ဒေါ်အောင်ဆန်းစုကြည်ဟာ မနက်ဖြန်မှာ ရှန်ဂရီလာဟိုတယ်မှာကျင်းပမယ့် ၂၀၁၃ ခုနှစ် စင်ကာပူထိပ်သီးဆွေးနွေးပွဲမှာ မိန့်ခွန်းပြောကြားဖို့ ရှိပြီး စက်တင်ဘာ ၂၂ ရက်မှာတော့ စင်ကာပူစီမံခန့်ခွဲရေးတက္ကသိုလ်မှာ ဟောပြောမှာဖြစ်ပါတယ်။
ဒါ့အပြင် စင်္ကာပူပါလီမန်ဥက္ကဌ မဒမ် ဟာလီမာ ယာကော့နဲ့ တွေ့ဆုံဆွေးနွေးမယ့်အပြင် စင်္ကာပူစီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုအဖွဲ့၊ အဂတိလိုက်စားမှု စုံစမ်းစစ်ဆေးရေးဌာနနဲ့ ပညာရေးဝန်ကြီးဌာန ၊ စက်မှုပညာပေးရေး တက္ကသိုလ်တွေရဲ့ လုပ်ငန်းဆိုင်ရာဆောင် ရွက်ချက်တွေကိုလည်း လေ့လာမယ်လို့သိရပါတယ်။
ဒီကနေ့ ဒေါ်အောင်ဆန်းစုကြည်ကို လေဆိပ်မှာသွားရောက်ကြိုဆိုရာမှာပါဝင်တဲ့ မလင်းလက်ကြယ်စင်ကို RFA အဖွဲ့သူ ဒေါ်ခင်ခင်အိ ဆက်သွယ်မေးမြန်းထားတာ နားဆင်နိုင်ပါတယ်။