မြန်မာအမျိုးသမီးများနေ့ အခမ်းအနား


2018.07.03
dassk-women-day-622.jpg နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် နေပြည်တော် သင်္ဂဟဟိုတယ်မှာ ၂၀၁၈ ဇူလိုင် ၃ ရက်နေ့ကကျင်းပတဲ့ မြန်မာအမျိုးသမီးများနေ့ အခမ်းအနားမှာ မိန့်ခွန်းပြောကြားစဉ်
Photo: Win Ko Ko Latt/RFA

လူသား အချင်းချင်းပူးပေါင်းမယ့်အစား ကွန်ပြူတာတွေ၊ ဖုန်းတွေနဲ့ ဆက်သွယ်နေမယ်ဆိုရင် လူ့အသိုင်းအဝိုင်း အတွက် အကျိုးမပြုဘူးလို့ နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် က ပြောပါတယ်။

နေပြည်တော် သင်္ဂဟဟိုတယ်မှာ ဒီကနေ့ကျင်းပတဲ့ မြန်မာအမျိုးသမီးများနေ့ အခမ်းအနားမှာ နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ပြောပါတယ်။

"လူသားအချင်းချင်း ဆက်ဆံတတ်ဖို့ဟာ ကျမတို့ နိုင်ငံတိုးတက်ရေးအတွက် အဓိက လိုအပ်ချက်ဖြစ်ပါတယ်။ ဒါ့ကြောင့် အမျိုးသမီးများ သင်ပေးရမယ်ဆိုတာ ကိုယ့်သားသမီးတွေ၊ ကိုယ့်ရဲ့မြေးတွေကို လူသားတွေအချင်းချင်း ဆက်ဆံဖို့ ပိုပြီးတော့ ကြီးထွားအောင်လို့၊ ပိုပြီးတော့ ကျွမ်းဝင်အောင်လို့ လုပ်ချင်တဲ့စိတ် ဖြစ်အောင်လို့ အချင်းချင်း ပူးပေါင်းမယ့်အစား ထိုင်ပြီးတော့ ကိုယ့်ရဲ့ ကွန်ပြူတာလေးနဲ့ ကိုယ့်ရဲ့ ဖုန်းလေးနဲ့ပဲ ဆက်သွယ်နေမယ်ဆိုရင် ဒါ လူ့အသိုင်းအဝိုင်းအတွက် အများကြီးတော့ အကျိုးပြုမှာ မဟုတ်ပါဘူး"

လူငယ်တွေဟာ အဘိုး၊ အဖွားတွေထက် သူတို့ရဲ့ လက်ကိုင်ဖုန်းတွေကိုပဲ ပိုပြီးစိတ်ဝင်စားနေကြတာ ဝမ်းနည်းစရာ ကောင်းတယ်လို့လည်း ပြောပါတယ်။

ဒါ့အပြင် အမျိုးသမီးတွေအနေနဲ့ အမျိုးသမီးအခွင့်အရေး၊ ရပိုင်ခွင့်နဲ့ လုပ်ပိုင်ခွင့်တွေသာမက အခွင့်အရေးတွေကို အများအတွက် ဘယ်လိုသုံးမလဲဆိုတာကို စဉ်းစားစေချင်တယ်လို့ ပြောခဲ့ပါတယ်။

အခမ်းအနားကို အတိုင်ပင်ခံ ပုဂ္ဂိုလ်အပြင် သမ္မတ ဦးဝင်းမြင့် ဇနီး၊ ပြည်ထောင်စုဝန်ကြီးတွေရဲ့ ဇနီးတွေ၊ အမျိုးသမီးအဖွဲ့အစည်း ခေါင်းဆောင်တွေ တက်ရောက်ခဲ့ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။