ယုံကြည်မှုရှိမှဖက်ဒရယ် ပြည်ထောင်စုဖြစ်ပေါ် မယ်လို့ ဒေါ်အောင်ဆန်းစုကြည်ဆို


2013.08.14
dassk-kawhmu-hospital-school305 ၂ဝ၁၃ ခုနှစ် ဇွန် ၁၆ ရက်နေ့က အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည် ကော့မှုးမြို့နယ် အထက် တန်းကျောင်းတွင် ပညာရေးဝန်ထမ်းများနှင့် တွေ့ဆုံစဉ်
Photo:RFA/Myo Zaw Ko

အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်း စုကြည်က ဖယ်ဒရယ် ပြည်ထောင်စုတည်ဆောက်ရေး အတွက်  အဓိက လိုအပ်ချက်ကတော့ တိုင်းရင်းသား အားလုံး တစ်ဦးကိုတစ်ဦး  အပြန်အလှန်ယုံကြည်မှု နဲ့ လေးစားမှုရှိရေးဖြစ်တယ်လို့ ပြောကြားလိုက် ပါတယ်။

ဒီမိုကရေစီခရီးကြမ်းနဲ့ ဒေါ်အောင်ဆန်းစုကြည် အစီအစဉ်အတွက် မနေ့ညနေပိုင်းက ဆက်သွယ်မေးမြန်းခဲ့ရာမှာ အခုလိုဖြေကြားခဲ့တာဖြစ်ပါတယ်။

"အပြန်အလှန် လေးစားမူ ယုံကြည်မူရှိပြီ ဆိုရင် ပြည်ထောင်စုပုံစံတစ်ခု ဖော်ထုတ်ဖို့ဆိုတာ သိပ်ခက်ခက်ခဲခဲ မဟုတ်ပါဘူူး၊ အရေးကြီးတာက တစ်ယောက်နဲ့တစ်ယောက် ယုံကြည်နိုင်ဖို့လေးစား ဖို့ အားလုံးကအတူလက်တွဲပြီးလုပ်ရင် လက်မတွဲတာထက် အများကြီးကောင်းတယ်ဆိုတာ နှလုံးသွင်းနိုင်ဖို့ပဲ၊ အဲဒီလို အခြေအနေ မဖြစ်သရွှေ့တော့ ခက်ခဲဦးမှာပဲ"

ဒါ့အပြင် ပုံနှိပ်ထုတ်ဝေခြင်း ဥပဒေနဲ့ ပတ်သက်ပြီး မေးမြန်းရာမှာတော့ စာနယ်ဇင်းကောင်စီက တင်ပြတဲ့မူကြမ်းကို အမျိုးသားလွှတ်တော်နဲ့ ပြည်ထောင်စုလွှတ်တော်ကနေ လိုအပ်သလို ပြောင်းလဲပြင်ဆင်ပြဌန်းမှာဖြစ်တယ်လို့ ဒေါ်အောင်ဆန်းစုကြည်က RFA ကိုပြောပါတယ်။

"အမျိုးသားလွှတ်တော်တင်တဲ့အခါ ပြင်သင့်တာကို ပြင်ဆင်ကြလိမ့်မယ်၊ ထောက်ခံသင့်တာကို ထောက်ခံ ကြလိမ့်မယ်၊ ပြောင်းသင့်တာကို ပြောင်းကြလိမ့်မယ်၊ အမျိုးသားလွှတ်တော်ပြီးတဲ့အခါ ပြည်ထောင်စုလွှတ်တော်ကို ပြန်သွားဦးမယ်လေ၊ ဒါသူ့အဆင့်နဲ့သူ ဆက်ပြီးတက်သွားမှာ"

တဆက်တည်းမှာပဲ စာရေးဆရာ မောင်ဝံသလို ဒီမိုကရေစီအရေး လိုလားဆောင်ရွက်သူတဦး ကွယ်လွန်သွားတိုင်း မိမိတို့ ရဲဘော်ရဲဘက်တွေအနေနဲ့ သူတို့ မျှော်လင့်ကြိုးပမ်းခဲ့ကြသလို ဒီမိုကရေစီအပြည့်အဝရရှိတာကို မမြင်မတွေ့လိုက်ကြရပဲ ဘဝဆုံးပါးသွားကြရတဲ့အတွက် ကြေကွဲဝမ်းနည်းမိရတယ်လို့ ဒေါ်အောင်ဆန်းစုကြည် က ပြောပါတယ်။

အပြည့်အစုံကို ဒီမိုကရေစီခရီးကြမ်းနဲ့ ဒေါ်အောင်ဆန်းစုကြည် အစီအစဉ်မှာ နားဆင်ပါ။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။