ငြိမ်းချမ်းရေးနိုဘယ်ဆုက မြန်မာနိုင်ငံရဲ့ ပြဿနာတွေကို မဖြေရှင်းပေးနိုင်ဟု Global Times သတင်းစာ ဖော်ပြ


2018.10.08
dassk-nobel-prize-622.jpg နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကို တွေ့ရစဉ်
Photo: State Counsellor of Myanmar's Facebook

မြန်မာနိုင်ငံရဲ့ ပြဿနာတွေကို ငြိမ်းချမ်းရေးနိုဘယ်ဆုက ဖြေရှင်းမပေးနိုင်ဘူးလို့ တရုတ်အစိုးရအာဘော် Global Times သတင်းစာ ခေါင်းကြီးပိုင်းက ရေးသား ဖော်ပြခဲ့ပါတယ်။

၁၉၉၁ ခုနှစ် ငြိမ်းချမ်းရေးနိုဘယ်ဆုရှင် ဒေါ်အောင်ဆန်းစုကြည်ဟာ တဖြည်းဖြည်း လမ်းပျောက်လာနေပြီး၊ လွတ်လပ်ရေးအတွက် တိုက်ပွဲဝင်သူ၊ လူ့အခွင့်အရေး ကာကွယ်သူအဖြစ်ကနေ မြန်မာ့တပ်မတော်ရဲ့ ရိုဟင်ဂျာ မွတ်စလင်ဆန့်ကျင်ရေးကို ကာကွယ်နေသူဖြစ်လာနေပြီလို့ အနောက်အုပ်စုတွေက ပြောဆိုဝေဖန်လာကြကြောင်း၊ နိုဘယ်ဆုပေးလိုက်ရင် အနောက် စံချိန်စံညွှန်းတွေအတိုင်း လိုက်လာလိမ့်မယ်လို့ တစ်ဖက်သတ် မျှော်လင့် နေကြကြောင်း ဖေါ်ပြထားပါတယ်။

ဒါ့ပြင် ရခိုင်ပြဿနာကို ဖြေရှင်းရာမှာ မြန်မာ့ အမျိုးသား အကျိုးစီးပွားကို မထိခိုက်စေဘဲ၊ ငြိမ်းချမ်းတဲ့နည်းလမ်းတွေ ကို ရှာဖွေပြီး အမြန်ဆုံး ဖြေရှင်းရမှာဖြစ်ကြောင်း၊ ဒီပြဿနာဟာ အလွန်ရှုပ်ထွေးပြီး၊ ပြည်တွင်း အကျိုးစီးပွားနဲ့ နိုင်ငံတကာ ဂုဏ်သိက္ခာအပေါ် သက်ရောက်မှုတွေရှိကြောင်း၊ ဒါ့ပြင် မြန်မာစစ်တပ်မှာ မြင်သာတဲ့ အာဏာ၊ မမြင်သာတဲ့ အာဏာတွေလည်း ရှိနေကြောင်း၊ မြန်မာနိုင်ငံအနေနဲ့ ကိုယ့်ပြဿနာကို ကိုယ်တိုင်သာ ဖြေရှင်း သင့်ကြောင်း တရုတ်အစိုးရအာဘော် Global Times သတင်းစာ ခေါင်းကြီးပိုင်းက ရေးသား ဖော်ပြခဲ့ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။