ဒေါ်အောင်ဆန်းစုကြည် အိန္ဒိယ သွားမယ်
2016.10.12

Photo: Ministry of Foreign Affairs Myanmar
နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ဟာ အိန္ဒိယဝန်ကြီးချုပ် နရိန်ဒရာမိုဒီနဲ့ လာမယ့် သီတင်းပတ်မှာ တွေ့ဆုံမယ်လို့ နိုင်ငံခြားရေးဝန်ကြီးဌာနက မနေ့က ကြေညာပါတယ်။
အိန္ဒိယနိုင်ငံ အနောက်ပိုင်း Goa ပြည်နယ်မှာကျင်းပတဲ့ ဒေသဆိုင်ရာညီလာခံ အပြီးသတ်သွားပြီး တဲ့နောက် ဒေါ်အောင်ဆန်းစုကြည်နဲ့ အဓိကကျတဲ့ ဝန်ကြီးတွေရဲ့ အိန္ဒိယနိုင်ငံ တရားဝင်ခရီးကို အောက်တိုဘာ ၁၇ ရက်မှာ စတင်မှာဖြစ်ပြီး ၁၉ ရက်မှာ အဆုံးသတ်ပါမယ်။
ခရီးစဉ်အတွင်း ဝန်ကြီးချုပ်မိုဒီအပြင် ဒေါ်အောင်ဆန်းစုကြည်ဟာ အိန္ဒိယသမ္မတ Pranab Mukherjee နဲ့ နိုင်ငံခြားရေးဝန်ကြီးတို့နဲ့လည်း တွေ့ဆုံပါမယ်။