ပြည်သူတွေရဲ့ ကူညီမှုမရရင် ဘယ်အစိုးရမှ မအောင်မြင်နိုင်ကြောင်း နိုင်ငံတော် အတိုင်ပင်ခံ ပြော


2018.10.19
dassk-kachin-622.jpg မြစ်ကြီးနားမြို့ပေါ် ရွှေစက်ရပ်ကွက် ကျောင်းသားကလေးငယ်တွေ စောင့်ရှောက်ရေးစခန်းမှာ ၂ဝ၁၈ ခုနှစ် အောက်တိုဘာလ ၁၉ ရက်နေ့က ဒေါ်အောင်ဆန်းစုကြည် ကလေးတွေနဲ့အတူ နေ့လယ်စာ သုံးဆောင်စဉ်
Photo: Daw Khin Kyi Foundation

ပြည်သူလူထုရဲ့ ထောက်ပံ့ကူညီမှုမရရင် ဘယ်အစိုးရမှ မအောင်မြင်နိုင်ကြောင်းနဲ့ ပြည်သူလူထုရဲ့ ဝိုင်းဝန်းကူညီမှု ရှိမှသာ အစိုးရတစ်ရပ်ဟာ အောင်မြင်မှုရရှိနိုင်မှာဖြစ်တယ်လို့ နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် က ပြောပါတယ်။

ဒီနေ့ ဒေါ်ခင်ကြည်ဖောင်ဒေးရှင်းကနေ လူမှုဝန်ထမ်း ကယ်ဆယ်ရေးနဲ့ ပြန်လည်နေရာချထားရေးဝန်ကြီးဌာနကို လှူဒါန်းတဲ့ မူးယစ်ဆေးဝါးဖြတ်သူများ ပြန်လည်ထူထောင်ရေးစခန်း ဖွင့်ပွဲအခမ်းအနားမှာ ဒေါ်အောင်ဆန်းစုကြည်က အခုလို ပြောခဲ့တာဖြစ်ပါတယ်။

မြစ်ကြီးနားမြို့၊ လယ်ကုန်းရပ်ကွက်မှာ မူးယစ်ဆေးဝါးဖြတ်သူများ ပြန်လည်ထူထောင်ရေးစခန်းကို ဖွင့်လှစ် ထားတာဖြစ်ပြီး အဲဒီလိုဖွင့်လှစ်နိုင်ဖို့ ချက်သမ္မတနိုင်ငံက အကူအညီပေးခဲ့ကြောင်းနဲ့ မြန်မာနိုင်ငံတွင်း တခြားနေရာတွေမှာလည်း မူးယစ်ဆေးဖြတ်စခန်းတွေ ထပ်ဖွင့်လှစ်သွားဖို့ရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ကပြောပါတယ်။

နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ရဲ့ နေ့ချင်းပြန်မြစ်ကြီးနားခရီးစဉ်အတွင်း သူမဟာ မြစ်ကြီးနားမြို့ပေါ်မှာရှိတဲ့ စိန်ဂျိုးဇက်စစ်ရှောင်ဒုက္ခသည်စခန်းနဲ့ ဆော့လော်၊ လာချင်ဒေသက စစ်ရှောင် ကျောင်းသူ၊ကျောင်းသားတွေကို နေထိုင်နေကြတဲ့ မြစ်ကြီးနားမြို့၊ ရွှေစက်ရပ်ကွက်က စာသင်ကျောင်းတွေကို သွားရောက်ခဲ့ပါတယ်။

ဒီသတင်းနဲ့ ပတ်သက်ပြီး RFA သတင်းထောက် မဝေမာထွန်း ပေးထားတဲ့ သတင်းပေးပို့ချက် အပြည့်အစုံကို နောက်ပိုင်းမှာ ကြားရဖို့ ရှိပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။