ဒေါ်အောင်ဆန်းစုကြည် ကော့မှူးနယ်မြေ ဖွံ့ဖြိုးရေး လုပ်ငန်း သွား ကြည့်မည်

ကော့မှူးမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါ်အောင်ဆန်းစုကြည် ဟာ သူမရဲ့မဲဆန္ဒနယ်ဖြစ်တဲ့ ကော့မှူး မြို့နယ်ကို ဒေသဖွံ့ဖြိုးရေးအတွက် မနက်ဖြန်မနက်မှာ သွားရောက် ကြည်ရှုမယ်လို့ သိရပါတယ်။

2013.02.15

ဒေသဖွံ့ဖြိုးရေးအတွက် အချိန်ရရင်ရသလို သွားရောက်တာ ဖြစ်တယ်လို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီဝင် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးအုန်းကြိုင်က RFA ကို အခုလို ပြောပါတယ်။

“မဲဆန္ဒနယ်ဒေသ ဖွံ့ဖြိုးရေးလုပ်ငန်းတွေကို ဆောင်ရွက်မှာမို့၊ သူကအဲလို သူ့ရဲ့မဲဆန္ဒနယ်ကို အခြေအနေပေးတာနဲ့ပေါ့ဗျာ လွတ်တော်တို့ဘာတို့မှာ အချိန်နည်းနည်းပေးတာနဲ့ သွားလေ့ရှိပါတယ်၊ အဲဒီအစီအစဉ်မျိုးပါပဲ၊ အရင်ကော့မှူးကိုသွားနေကြ အစီအစဉ်အတိုင်းပါပဲ”

ဆက်လက်ပြီး ဒေါ်အောင်ဆန်းစုကြည်ဟာ ကော့မှူးမြို့နယ် မဲဆန္ဒနယ်တွင်းက ကျေးရွာတွေကို လှည့်လည်သွားရောက်ဖို့ စီစဉ်ထားတယ်လို့ ဦးအုန်းကြိုင်က ဆက်ပြောပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ဟာ ပြီးခဲ့တဲ့ ဒီဇင်ဘာလ ၁၁ ရက်နေ့ကလည်း ကော့မှူးမြို့နယ်ကို သွားရောက်ခဲ့ပြီး ဒေသခံတွေနဲ့ တွေ့ဆုံကာ ကလေးငယ်တွေရဲ့ ပညာရေးအခြေအနေတွေကို မေးမြန်းခဲ့တဲ့အပြင် မြို့နယ်တွင်းမှာ မိုးရာသီမတိုင်ခင် လမ်းတံတား ပြုပြင်တည်ဆောက်နိုင်မယ့် အခြေအနေတွေကို မြို့နယ်အထွေထွေအုပ်ချုပ်ရေးမှူးရုံးမှာ သက်ဆိုင်ရာတာဝန်ရှိသူတွေနဲ့ တွေ့ဆုံဆွေးနွေးခဲ့ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။