တွေ့ဆုံဆွေးနွေး လိုကြောင်း ဒေါ်အောင်ဆန်းစု ကြည် မေတ္တာရပ်ခံ


2015.11.11
dassk-letter-620.jpg အမျိုးသားပြန်လည်သင့်မြတ်ရေးအတွက် သမ္မတနဲ့ တွေ့ဆုံလိုကြောင်း ဒေါ်အောင်ဆန်းစုကြည်ရဲ့ နိုဝင်ဘာ ၁ဝ ရက်နေ့ က ပေးပို့ထားတဲ့မေတ္တာရပ်ခံစာကို တွေ့ရစဉ်။
Photo: NLD( Facebook )

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဌ ဒေါ်အာင်ဆန်းစုကြည်က နိုင်ငံတော်သမ္မတ ဦးသိန်းစိန်၊ ပြည်ထောင်စုလွှတ်တော် နာယက သူရဦးရွှေမန်း၊ တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်တို့နဲ့ တွေ့ဆုံဆွေးနွေး လိုကြောင်း ဒီကနေ့မေတ္တာရပ်ခံလိုက်ပါတယ်။

နိုင်ငံ့ခေါင်းဆောင် ၃ ဦးနဲ့ လာမယ့် သီတင်းပတ်အတွင်း တွေ့ဆုံဆွေးနွေးလိုကြောင်း တစ်ဦးချင်းစီကို သီးသန့်မေတ္တာ ရပ်ခံစာတွေပေးပို့တောင်းဆို ခဲ့တာဖြစ်ပါတယ်။

"နိုဝင်ဘာလ ၈ ရက် အထွေထွေရွေးကောက်ပွဲမှာ တဆင့်ဖေါ်ထုတ်ခဲ့သည့် လူထုဆန္ဒကို တည်ငြိမ်အေးချမ်း စွာ အကောင်အထည်ဖေါ်နိုင်ဖို့ အတွက် အမျိုးသားရင်ကြားစေ့ရေးကို အခြေခံပြီး တွေ့ဆုံဆွေးနွေးလို တာဖြစ်တယ် လို့" ဖေါ်ပြထားပြီး ဒေါ်အောင်ဆန်းစုကြည်က လက်မှတ်ရေးထိုးတောင်းဆို ထားတာ ဖြစ်ပါတယ်။

ဒီကနေ့မှာပဲ ပြည်ထောင်စုလွှတ်တော်နာယက သူရဦးရွှေမန်းက ဒေါ်အောင်ဆန်းစုကြည်ရဲ့ စာကို လက်ခံ ရရှိကြောင်း နဲ့ လာမယ့်အပတ်အတွင်း တွေ့ဆုံဆွေးနွေးလိုကြောင်း သူ့ရဲ့ ဖေ့စ်ဘွတ်စာမျက်မှာ ပြောထားပါတယ်။

နိုင်ငံတော်သမ္မတပြောရေးဆိုခွင့်ရှိသူ ပြန်ကြားရေးဝန်ကြီး ဦးရဲထွဋ်က သူ့ရဲ့ဖေ့စ်ဘွတ်မှာ ဖေါ်ပြထားတာ က ဒေါ်အောင်ဆန်းစုကြည်ရဲ့ မေတ္တာရပ်ခံစာကို လက်ခံရရှိကြောင်းနဲ့ အစိုးရနဲ့ တပ်မတော်က ရွေးကောက်ပွဲရလဒ် ကို လက်ခံသွားမှာဖြစ်တယ်ဆိုတာကို ထပ်မံပြောလိုကြောင်းနဲ့ ရွေးကောက်ပွဲဆိုင်ရာ လုပ်ငန်းများ ပြီးဆုံးချိန်မှာ နှစ်ဖက် ညှိနှိုင်းဆောင်ရွက်သွားမယ်လို့ အကြောင်း ပြန်ကြားထားကြောင်း ဖေ့စ်ဘွတ်မှာ ထုတ်ပြန်ထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။