နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် သံအမတ်တွေနဲ့ တွေ့ဆုံ


2016.09.11
dassk-london-ambassadors-620.jpg နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ ဥရောပဒေသ၊ အရှေ့အလယ်ပိုင်းနှင့် အာဖရိကဒေသတို့က မြန်မာ သံအမတ်ကြီး ၁၂ ဦးတို့ စက်တင်ဘာလ ၁၁ ရက်နေ့က လန်ဒန်မြို့ မြန်မာသံံရုံးမှာ တွေ့ဆုံကြစဉ်
ဓါတ်ပုံ - မြန်မာသံရုံး ၊ လန်ဒန်မြို့

အင်္ဂလန်နိုင်ငံကို ရောက်ရှိနေတဲ့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ဟာ ဒီနေ့ ဥရောပ၊ အာဖရိကနဲ့ အရှေ့အလယ်ပိုင်းနိုင်ငံတွေက မြန်မာသံ အမတ်တွေနဲ့ ဒီနေ့ လန်ဒန်မြို့က မြန်မာသံရုံးမှာ တွေ့ဆုံ ခဲ့ပါတယ်။

ဗြိတိန်နိုင်ငံဆိုင်ရာ မြန်မာသံအမတ် ဦးကျော်စွာမင်းနဲ့ ဥရောပအခြေဆိုက် မြန်မာသံ အမတ် ၁၃ ဦးနဲ့ တွေ့ဆုံ တာဖြစ်ပါတယ်။

မနေ့ညနေက လန်ဒန်မြို့ကို ရောက်ရှိနေတဲ့ ဒေါ်အောင်ဆန်းစုကြည်ဟာ ဖခင် ဗိုလ်ချုပ်အောင်ဆန်း လွတ်လပ်ရေးအတွက် ကြိုးပမ်းစဉ် လန်ဒန်မြို့ ကို ရောက်ရှိချိန်မှာ တည်းခိုခဲ့တဲ့ ဒေါ်ချက်စတာဟိုတယ် (Dorchester Hotel) က အခန်းမှာပဲ တည်းခို နေတာဖြစ်ပါတယ်။

အဲ့ဒီဟိုတယ်မှာပဲ ဒေါ်အောင်ဆန်းစုကြည်ရဲ့ သားငယ် ကင်မ်အဲရစ်နဲ့ မြေး ၂ ဦးက လာရောက်တွေ့ဆုံခဲ့ပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ဟာ မနက်ဖြန်မှာ အင်္ဂလန်နိုင်ငံ ဝန်ကြီးချုပ် ထရီဇာမေ ၊ ဗြိတိန်နိုင်ငံခြားရေး ဝန်ကြီး ဘောရစ်ဂျွန်ဆင် တို့နဲ့တွေ့ဆုံမှာဖြစ်ပါတယ်။ လာမယ့် စက်တင်ဘာလ ၁၃ ရက်နေ့မှာ အမေရိကန်နိုင်ငံ ကို သွားရောက်မှာ ဖြစ်ပြီး အမေရိကန် ခရီးစဉ်အတွင်း ကုလသမဂ္ဂရုံးချုပ်မှာ ကျင်းပမယ့် အထွေထွေ ညီလာခံမှာ စကားပြောမှာဖြစ်ပါတယ်။

ဒါ့အပြင် အမေရိကန်နိုင်ငံ ဝါရှင်တန်မြို့မှာ အမေရိကန်သမ္မတ အိုဘားမား၊ ဒုတိယသမ္မတ ဂျိုးဘိုင်ဒန်၊ နိုင် ငံခြားရေးဝန်ကြီး ဂျွန်ကယ်ရီ ၊ အထက်လွှတ်တော် အမတ် John McCain ဂျွန်မက်ကိန်းတို့နဲ့ တွေ့ဆုံသွားမှာ ဖြစ် သလို US-ASEAN Business Council က တာဝန်ရှိသူတွေအပြင် အမေရိကန် ကုန်သည်ကြီးများ အသင်းက တာဝန်ရှိသူတွေနဲ့လည်း တွေ့ဆုံသွားမှာ ဖြစ်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။