ဒေါ်အောင်ဆန်းစုကြည် အိန္ဒိယထံက အကူအညီတောင်း


2016.10.19
dassk-india-president-620.jpg နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် အိန္ဒိယသမ္မတ မစ္စတာ ပရာနာ့ဗ်မူခါဂျီး တို့ အောက်တိုဘာလ ၁၈ ရက်နေ့က အိန္ဒိယနိုင်ငံသမ္မတ အိမ်တော်ဝင်းမှာ တွေ့ဆုံကြစဉ်
Photo: Myanmar State Counsellor Office

နယူးဒေလီမြို့ကို အလည်အပတ်ရောက်နေတဲ့ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က အိန္ဒိယအနေနဲ့ မြန်မာပြည်ရဲ့ စိုက်ပျိုးရေးကဏ္ဏနဲ့ အခြေခံအဆောက်အအုံတွေ တိုးတက်ရေး၊ ကျွမ်းကျင်နည်းပညာ အကူအညီတွေရရှိရေး၊ အလုပ်အကိုင်တွေ ဖန်တီးပေးရေးနဲ့ ပြည်သူ့ကျန်းမာရေးကိစ္စတွေကို ဦးစားပေးကူညီစေ လိုကြောင်း ပြောကြားခဲ့ပြီး အိန္ဒိယသမ္မတ မိုခါဂျီးကလည်း တတ်စွမ်းသမျှ ကူညီမှာဖြစ်ကြောင်း ကတိပေးပြော ကြားခဲ့တယ်လို့ သိရပါတယ်။

ဒေါ်အောင်ဆန်းစုကြည်နဲ့ မနေ့က တွေ့ဆုံရာမှာ အိန္ဒိယသမ္မတ Pranab Mukherjee ပရာနာ့ဗ် မူခါဂျီး က ပြီးခဲ့ တဲ့ နိုဝင်္ဘာရွေးကောက်ပွဲမှာ NLD ပါတီအနိုင်ရမှုနဲ့ မြန်မာပြည် ဒီမိုကရေစီစနစ် တည်ဆောက်ရေးအ တွက် ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်နေမှုတွေကို ဂုဏ်ပြုပြောကြားကာ မြန်မာအမျိုးသား ပြန်လည် သင့်မြတ်ရေးနဲ့ လူမှုစီးပွားဖွံ့ဖြိုးရေးအတွက် အိန္ဒိယအစိုးရက ကူညီနိုင်မယ့်နည်းလမ်းတွေကို ဆွေးနွေးခဲ့ကြတယ် လို့ နယူးဒေလီက လာတဲ့သတင်းတွေမှာ ဖေါ်ပြထားပါတယ်။

အဲဒီတွေ့ဆုံပွဲမှာ အိန္ဒိယသမ္မတ မူခါဂျီးက မြန်မာပြည်သူတွေရဲ့ မျှော်လင့်ချက်တွေကို ဖြည့်ဆည်းဖို့ ဒေါ်အောင် ဆန်းစုကြည် အစိုးရက ကြိုးစားနေတာကို လှိုက်လှဲစွာကူညီလိုပါကြောင်း၊ လတ်တလော ကာလတွေအတွင်း ရခိုင်ပြည်နယ်မှာ အကြမ်းဖက်သမားတွေရဲ့ တိုက်ခိုက်မှုကြောင့် အစိုးရလုံခြုံရေးအဖွဲ့ဝင်တွေ အသက်ဆုံးရှုံးခဲ့ရမှုနဲ့ ချင်းတွင်းမြစ်အတွင်း ခရီးသည်တင် သင်္ဘောတစင်းနှစ်မြုပ်ခဲ့တဲ့ အဖြစ်ဆိုးတွေအတွက်လည်း အိန္ဒိယပြည်သူ တရပ်လုံးကိုယ်စား ကြေကွဲဝမ်းနည်းရပါကြောင်း ပြောကြားခဲ့တယ်လို့ ပီတီအိုင် သတင်းမှာဖေါ်ပြပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ဟာ အိန္ဒိယဝန်ကြီးချုပ် Narandra Modi နာရန်ဒရာ မိုဒီ နဲ့ ပြည်ပရေးရာဝန်ကြီး Sushma Swaraj ဆူရှမာ ဆွာရှ်ချ် တို့ကိုလည်း မနေ့က တွေ့ဆုံခဲ့ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။