တောင်ကိုရီးယားသမ္မတ လီမြောင်ဘတ် နဲ့ ဒေါ်အောင်ဆန်းစုကြည် တွေ့ဆုံ
2013.01.29

အဲဒီဆွေးနွေးပွဲမှာ ခေါင်းဆောင်နှစ်ဦးဟာ ပညာရေးနဲ့ နှစ်နိုင်ငံကြား စီးပွားရေးဖွံ့ဖြိုးတိုးတက်မှု ပူးပေါင်းဆောင်ရွက်ရေး ကိစ္စရပ်တွေကို ဆွေးနွေးခဲ့ကြောင်း တောင်ကိုရီးယား ယွန်ဟပ်သတင်းဌာနက ဆိုပါတယ်။
ဒီကနေ့မှာပဲ ဒေါ်အောင်ဆန်းစုကြည်ဟာ တောင်ကိုရီးယား သမ္မတသစ်အဖြစ် ရွေးချယ် တင်မြှောက်ခံထားရသူ မစ္စပတ်ဂွန်းဟေးနဲ့လည်း တွေ့ဆုံခဲ့ပါတယ်။
အဲဒီလို တွေ့ဆုံရာမှာ ဒေသတွင်း လွတ်လပ်မှု အခွင့်အရေးတွေနဲ့ ငြိမ်းချမ်းရေးတွေအတွက် နှစ်နိုင်ငံပူးပေါင်း ဆောင်ရွက်ရေးတွေကို ဆွေးနွေးခဲ့ကြတယ်လို့ သမ္မတသစ်ရဲ့ ပြောရေး ဆိုခွင့်ရှိသူက ထုတ်ဖော် ပြောကြားပါတယ်။
ဒေါ်အောင်ဆန်းစုကြည်ဟာ ဒီကနေ့ညနေမှာ ဖြောင်ချန်းပြည်နယ်ကို သွားရောက်ပြီး ဆောင်းရာသီ အထူးအိုလံပစ်ပွဲတော်ကို ဧည့်သည်တော်အဖြစ် တက်ရောက်ခဲ့ပါတယ်။
မနက်ဖြန်မှာတော့ ဖြောင်ချန်းပြည်နယ်က ကမ္ဘာလုံးဆိုင်ရာဖွံ့ဖြိုးရေး ထိပ်သီးညီလာခံ (Global Development Summit) ကို တက်ရောက်မိန့်ခွန်းပြောကြားမှာဖြစ်သလို ကွမ်ကျူးမြို့မှာ ကျင်းပမယ့် မေ ၁၈ ဖောင်ဒေးရှင်းညီလာခံကို တက်ရောက်ပြီး ကွမ်ကျူးလူ့အခွင့်အရေးဆုကို လက်ခံရယူမှာဖြစ်ပါတယ်။
ဖေဖော်ဝါရီ ၁ရက်နေ့မှာ ဒေါ်အောင်ဆန်းစုကြည်ဟာ ဆိုးလ်အမျိုးသား တက္ကသိုလ် ကျောင်းသူ၊ ကျောင်းသားတွေနဲ့တွေ့ဆုံပြီး မိန့်ခွန်း ပြောကြားမယ့်အပြင် ညနေပိုင်းမှာ ကိုရီးယားရောက် မြန်မာတွေနဲ့ တွေ့ဆုံဖို့ ရှိပါတယ်။
ဒေါ်အောင်ဆန်းစုကြည်နဲ့ တောင်ကိုရီးယားနိုင်ငံရဲ့ ပထမဆုံး အမျိုးသမီးသမ္မတဖြစ်လာမယ့် မစ္စ ပတ်ဂွန်းဟေး တို့ ဆက်စပ်ပုံကို RFA ဝိုင်းတော်သား ဦးဝင်းနိုင် က တင်ပြထားပါတယ်။
![]() |
အသံဖိုင်နားထောင်ရန် |
![]() |
အသံဖိုင်ယူရန်။ |