ဒေါ်အောင်ဆန်းစုကြည်နှင့် ၈၈မျိုးဆက်(ငြိမ်း/ပွင့်)တွေ့ဆုံ


2015.08.07
kokogyi-620.jpg ၈၈ မျိုးဆက် ငြိမ်းချမ်းရေးနဲ့ ပွင့်လင်းလူ့အဖွဲ့အစည်း ခေါင်းဆောင် ဦးကိုကိုကြီး ကို တွေ့ရစဉ်
photo: Kyaw Zaw Win/RFA

သြဂုတ်လ ၆ ရက် မနေ့က ညနေ ၃ နာရီခန့်က ရန်ကုန်မြို့၊ တက္ကသိုလ်ရိပ်သာလမ်းရှိ၊ ဒေါ်အောင်ဆန်းစုကြည် ရဲ့ နေအိမ်မှာ ဒေါ်အောင်ဆန်းစုကြည်နှင့် ၈၈မျိုးဆက် (ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်း) က ခေါင်းဆောင်တွေဖြစ်ကြတဲ့ ဦးမင်းကိုနိုင်၊ ဦးကိုကိုကြီး၊ ဦးမြအေး နဲ့ ဦးဂျင်မီ တို့ တွေ့ဆုံဆွေးနွေးခဲ့ကြပါတယ်။

အဲဒီ အစည်းအဝေးမှာ ဆွေးနွေးတဲ့အကြောင်းအရာတွေကို မသိရပေမယ့် NLD ပါတီက သြဂုတ်လ ၁ ရက်နေ့ ထုတ်ပြန်ခဲ့တဲ့ ရွေးကောက်ပွဲ ကိုယ်စားလှယ်လောင်းစာရင်းမှာ NLD  ကနေ ဝင်ရောက်အရွေးခံဖို့ လျောက်ထားခဲ့တဲ့ ၈၈ ငြိမ်းပွင့် ခေါင်းဆောင်အများအပြား ပါဝင်ခြင်းမရှိတဲ့ကိစ္စကို ထည့်သွင်းဆွေးနွေးခဲ့ကြတယ်လို့ မျှော်လင့်ရပါတယ်။

မနေ့က တွေ့ဆုံပွဲနဲ့ ပတ်သက်ပြီး အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်နှင့် ၈၈မျိုးဆက်(ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်း)တို့ မကြာခင်ရက်ပိုင်းအတွင်း ပူးတွဲကြေညာချက် တစ်စောင်ထုတ်ပြန်မယ်လို့လည်း သိရပါတယ်။

ဒီအတောအတွင်း ၂ရက်ကြာကျင်းပခဲ့တဲ့ ၈၈မျိုးဆက်(ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်း) ညီလာခံကနေ အခုလာမယ့်ရွေးကောက်ပွဲမှာ ဒီမိုကရေစီပါတီတွေ အနိုင်ရရှိရေးအတွက် ဝိုင်းဝန်းဆောင်ရွက်ဖို့ မနေ့က ဆုံးဖြတ်ခဲ့ကြပြီး ရွေးကောက်ပွဲနောက်ပိုင်းမှာ ၈၈ မျိုးဆက်အဖွဲ့ကို နိုင်ငံရေးပါတီတစ်ခုအဖြစ် ပြောင်းလဲထူထောင်ရန် သင့် မသင့်ဆိုတဲ့အချက်ကိုလည်း ဆွေးနွေးခဲ့ကြတယ်လို့ သိရှိရပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။