သပိတ်မှောက် ကျောင်းသား ကိုယ်စားလှယ်တွေ ဒေါ်အောင် ဆန်းစုကြည်နဲ့ တွေ့ဆုံ


2015.02.12
students-dassk-305.jpg ဒေါ်အောင်ဆန်းစုကြည်နဲ့ သပိမှောက်ကျောင်းသား ကိုယ်စားလှယ်တွေ ဖေဖော်ဝါရီလ ၁၂ ရက်န့က နေပြည်တော်မှာတွေ့ဆုံကြစဉ်
Photo: NLD Facebook

အမျိုးသားပညာရေးဥပဒေကို သပိတ်မှောက်နေကြ တဲ့ ကျောင်းသားကျောင်းသူ ကိုယ်စားလှယ် ၁၁ ဦးဟာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်း စုကြည်နဲ့ တေ့ွဆုံခဲ့ပါတယ်။

အဲဒီ့ဥပဒေကိုပြင်ဆင်ဖို့ လွှတ်တော်မှာဆွေးနွေးတဲ့ အခါ ကျောင်းသားကျောင်းသူတွေရဲ့ တောင်းဆို ချက်တွေ ထည့်သွင်းဆွေးနွေးပေး မှာဖြစ်ကြောင်း ဒေါ်အောင်ဆန်းစုကြည်က ပြောကြားခဲ့ တယ်လို့ တေ့ွဆုံပွဲကို တက်ရောက်ခဲ့တဲ့ ဒဂုံတက္က သိုလ်ကျောင်းသား ကိုနန်းလင်းက ပြောပါတယ်။

"ဒီနေ့တွေ့ဆုံမှုက ကျနော်တို့က သပိတ်ကိစ္စနဲ့ ပတ်သက်ပြီးတော့ ဘာကြောင့်သပိတ်မှောက် တယ်၊ အမျိုးသားပညာရေးကို ဘယ်လိုသဘောလဲ ဆိုတာကို အန်တီ့ကို မတ်ဆေ့တစ်ခုပေးတယ် ခင်ဗျ၊ အန်တီ့ဘက်က ကျနော်တို့ကို ဘာညွှန် ကြားတယ် ဘယ်လိုသဘောထားရှိတယ်ဆိုတာ ပြောတာမဟုတ်ပါဘူး၊ တစ်ဘက်နဲ့တစ်ဘက်ကြားထဲမှာ မတ်ဆေ့တွေ လွဲချော်နေမှာစိုးတဲ့အတွက် တွေ့ဆုံမှုလေးတစ်ခုပေါ့ဗျာ၊ အန်တီ့ဘက်ကတော့ အမျိုးသား ပညာရေးဥပဒေကို လွှတ်တော်ရောက်တဲ့အခါကျတော့ လိုလားချက်တွေကို အကောင်းဆုံးစဉ်းစားပေး မယ်ပေ့ါနော်၊ သူအပြုသဘောဆောင်ပြီး ဆွေးနွေးပါတယ်ဗျ၊ ပညာရေးဆွေးနွေးမယ့် အနေအထား တစ်ခုကနေ သွားမှာပေါ့နော်"

ဒေါ်အောင်ဆန်းစုကြည်ဟာ သပိတ်မှောက် ကျောင်းသူကျောင်းသား ကိုယ်စားလှယ်တွေနဲ့ နေပြည်တော်နေအိမ် မှာ တွေ့ဆုံခဲ့တာဖြစ်ပါတယ်။

မနေ့ကပြုလုပ်တဲ့ လေးပွင့်ဆိုင်တွေ့ဆုံဆွေးနွေးပွဲမှာ ကျောင်းသူကျောင်းသားတွေ တောင်းဆိုထားတဲ့ ပညာရေးဥပဒေ ပြင်ဆင်ရေးအချက် ၁၁ ချက်ကို မူအရလက်ခံကြောင်း အစိုးရနဲ့လွှတ်တော်က သဘောတူလိုက်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။