မြန်မာပြည် စိန်ခေါ်မှုတွေ ဒေါ်အောင်ဆန်း စုကြည် ဆွေးနွေး


2016.09.13
dassk-uk-pm-620.jpg နိုင်ငံတော်အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည်ဟာ စက်တင်ဘာလ ၁၄ ရက်နေ့က ဗြိတိသျှဝန်ကြီးချုပ် Theresa May နဲ့ လန်ဒန်မြို့ အမှတ် ၁၀ ဒေါင်းနင်းလမ်းမှာ တွေ့ဆုံခဲ့စဉ်
Photo: Myanmar State Counsellor Office

ဗြိတိန်နိုင်ငံကို ရောက်ရှိနေတဲ့ နိုင်ငံတော်အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည်ဟာ အင်္ဂါနေ့က ဗြိတိသျှဝန်ကြီးချုပ် Theresa May နဲ့ လန်ဒန်မြို့ အမှတ် ၁၀ ဒေါင်းနင်းလမ်းမှာ တွေ့ဆုံခဲ့ပါတယ်။

ခေါင်းဆောင်နှစ်ဦးဟာ မြန်မာနိုင်ငံမှာ စစ်တပ်အုပ်ချုပ်တဲ့ နိုင်ငံကနေ ဒီမိုကရေစီ အုပ်ချုပ်ရေးစနစ်ကိုပြောင်း လဲတဲ့   ကြားကာလရင်ဆိုင်ရတဲ့ စိန်ခေါ်ချက်များနဲ့ ပတ်သက်ပြီး ဆွေးနွေး ပြောဆိုခဲ့ကြပါတယ်။ ဒါ့အပြင် ခေါင်းဆောင်နှစ်ဦးဟာ မြန်မာနိုင်ငံမှာ အလုပ်အကိုင်အသစ်များ ဖန်တီးနိုင်ရေး ပညာရေးနဲ့ အဆင့်မီကျန်းမာရေး စနစ်များပြုပြင်ပြောင်းလဲရေးကိစ္စများ ဆွေးနွေးကြပါတယ်။ ဒါ့အပြင် ဗြိတိန်နိုင်ငံအနေ နဲ့ မြန်မာနိုင်ငံကို အခုနှစ်အတွင်း အမေရိကန်ဒေါ်လာ ၁၅၈ သန်း အကူအညီပေးမယ်လို့ ကတိပေးလိုက်ပါတယ်။

အလားတူ ဒေါ်အောင်ဆန်းစုကြည်ဟာ တနင်္လာနေ့က ဗြိတိန်နိုင်ငံခြားရေးဝန်ကြီး Boris Johnson နဲ့ တွေ့ဆုံခဲ့ပြီး ရခိုင်ပြည်နယ်က အခြေအနေတွေအပါအဝင် တခြားအရေးကြီးတာတွေကို ဆွေးနွေးခဲ့ပါတယ်။ ဗြိတိန်နိုင်ငံခြားရေးဝန်ကြီးက မြန်မာနိုင်ငံက သာမန်မဟုတ်တဲ့ ပြုပြင်ပြောင်းလဲမှုတွေ ဆောင်ရွက်နေတာကို အားပေးကူညီသွားမှာဖြစ်တယ်လို့ပြောခဲ့သလို မြန်မာနိုင်ငံကနေ တည်ငြိမ်အေးချမ်းရေးဟာ အရှေ့တောင် အာရှဒေသတွင်း တည်ငြိမ်အေးချမ်းရေးကို ပါရှေးရှုမှာဖြစ်တယ်လို့ပြောဆိုပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။