ဒေါ်အောင်ဆန်းစုကြည်ကို ဆုချီးမြှင့်တဲ့သတင်း မှားယွင်း


2020.08.05
dassk-asem-press-622.jpg ၁၃ ကြိမ်မြောက် အေဆမ် နိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေး သတင်းစာရှင်းလင်းပွဲမှာ ဒေါ်အောင်ဆန်းစုကြည်ကို တွေ့ရစဉ်
Photo: Myanmar State Counsellor Office

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကို ‘mother of the world’ လို့ခေါ်တဲ့ ‘ကမ္ဘာ့မိခင်’ ဆု ချီးမြှင့်ဖို့ နိုင်ငံပေါင်း ၄၃ နိုင်ငံက အသိအမှတ် ပြုလိုက်တယ်ဆိုပြီး Facebook နဲ့ blogs တွေမှာ ပျံ့နှံ့နေတဲ့ သတင်းဟာ သတင်းမှားဖြစ်တယ်လို့ ဒီကနေ့ထုတ် နိုင်ငံတကာ သတင်းတစ်ပုဒ်မှာ ဖော်ပြထားပါတယ်။

အဲဒီသတင်းကို ဒေါ်အောင်ဆန်းစုကြည် ပုံပါဝင်တဲ့ ဒင်္ဂါးပြားဓါတ်ပုံနဲ့အတူ ဖေ့စ်ဘွတ်မှာ တင်ခဲ့တာဖြစ်ပြီး သတင်းကိုရှယ်သူပေါင်း ၃၃၀၀ ကျော်ရှိတယ်လို့ AFP သတင်းဌာနရဲ့ သတင်းအချက်အလက်စိစစ်မှု စာမျက်နှာမှာ ဖော်ပြထားပါတယ်။

မြန်မာပန်းချီဆရာတစ်ဦး ဖန်တီးထားတဲ့ ဒေါ်အောင်ဆန်းစုကြည်ပုံ ပါဝင်တဲ့ ရွှေရောင်ဒင်္ဂါးပြားပုံနဲ့အတူ 'ကမ္ဘာ့မိခင်အဖြစ် သတ်မှတ်ခြင်းကို ၄၃ နိုင်ငံ လက်မှတ်ထိုးပြီဖြစ်ကြောင်း သတင်းကောင်းကြားရလို့ ဝမ်းသာပီတိဖြစ် မျှဝေလိုက်ပါတယ်' လို့ ရေးသားထားတဲ့ ပို့စ်ကို ဇူလိုင်လ ၂၈ ရက်နေ့က Facebook မှာတင်ခဲ့တာ ဖြစ်ကြောင်းနဲ့ ကမ္ဘာမှာ mother of the world’ ဆုဆိုတာ မရှိကြောင်းလည်း သတင်းမှာ ဖော်ပြထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။