ဖွဲ့စည်းပုံပြင်ရေး ထောက်ခံ ဖို့ ဒေါ်အောင်ဆန်းစုကြည် တိုက်တွန်း


2014.06.14
dassk-parliament-president-305 ဒေါ်အောင်ဆန်းစုကြည် ဇွန်လ ၁၄ ရက်နေ့က နီပေါလွှတ်တော်ကို သွားရောက်ပြီး လွှတ်တော်ဥက္ကဋ္ဌ Rt. Hon. Mr. Subash Chandra Nembang နှင့် တွေ့ဆုံစဉ်
Photo: Phyo Zaya Thaw Facebook

မြန်မာ့တပ်မတော်ကရေးဆွဲထားတဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြင်ဆင်ရေးအတွက် မိမိတို့လှုပ်ရှားဆောင်ရွက်နေတာကို နိုင်ငံတကာက ပါဝင်ထောက်ခံကြပါလို့ ဒေါ်အောင်ဆန်းစုကြည်က မနေ့က ပြောကြားလိုက်ပါတယ်။

နီပေါပါလီမန်မှာ မနေ့က မိန့်ခွန်းပြောကြားချိန်မှာ အဲဒီလိုပြောကြားတာပဲဖြစ်ပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ဟာ နီပေါဝန်ကြီးချုပ်ဟောင်း  BP Koirala  ရာပြည့်မွေးနေ့ အထိမ်းအမှတ်အဖြစ် ကျင်းပတဲ့ ဒီမိုကရေစီညီလာခံကို တက်ရောက်ပြီး မိန့်ခွန်းပြောကြားဖို့ အစိုးရက ဖိတ်ကြားလို့ နီပေါနိုင်ငံကို လေးရက်ကြာခရီး ရောက်ရှိနေတာပါ။

လွတ်လပ်ရုံသက်သက်မဟုတ်ဘဲ တရားမျှတမှုရှိတဲ့ စစ်မှန်တဲ့ ဒီမိုကရေစီနည်းကျတဲ့ ရွေးကောက်ပွဲမှာ ပါဝင်လိုတာဖြစ်တယ်လို့လည်း ဒေါ်အောင်ဆန်းစုကြည် က ပါလီမန်မှာ ပြောကြားပါတယ်။

ကမ္ဘာတလွှားက မိတ်ဆွေအားလုံးဟာ မြန်မာနိုင်ငံက အဖြစ်အပျက်တွေကို မပြတ်ကြည့်ပြီး စစ်မှန်တဲ့နိုင်ငံရေး လိုအပ်ချက်တွေကနေ လမ်းကြောင်းလွဲသွားအောင် ကြိုးစားနေသူတွေရှိနေတာကို သတိမူဖို့ အထူးအရေးကြီးတဲ့အကြောင်းလည်း ဒေါ်အောင်ဆန်းစုကြည်က ပြောကြားပါတယ်။

ဒါ့အပြင် Future of  Social Democracy အနာဂတ်လူမှုရေးဒီမိုကရေစီ ခေါင်းစဉ်နဲ့ မနေ့ကကျင်းပတဲ့ ဒီမိုကရေစီညီလာခံမှာ ဒီမိုကရေစီဟာ နိုင်ငံရေးယဉ်ကျေးမှုဖြစ်ပြီး အစိုးရရဲ့နိုင်ငံရေးအယူအဆ သက်သက်သာ မဟုတ်ဘူးလို့ ဒေါ်အောင်ဆန်းစုကြည်က ပြောကြားလိုက်ပါတယ်။  ပြောကြားလိုက်တာပါ။  ဒီမိုကရေစီရေးမှာ တာဝန်ခံမှုလည်းပါပါတယ်လို့ ဒေါ်အောင်ဆန်းစုကြည်က ပြောကြားပါတယ်။

ဒီမိုကရေစီရဲ့ အုတ်မြစ်ဟာ လူထုကိုလေးစားတာပဲဖြစ်ပါတယ်။ ကျမအဖို့ လူထုကို လေးစားတယ်ဆိုတာဟာ လူထုရဲ့အခွင့်အရေးကိုပဲ အသိအမှတ်ပြုတာမဟုတ်ပါဘူး။ တာဝန်ခံမှုပါ အဓိပ္ပာယ်ဆောင်ပါတယ်လို့ ပြောကြား ပါတယ်။ နိုင်ငံ့အနာဂါတ်ကိုဆုံးဖြတ်တဲ့နေရာမှာ အားလုံးပါဝင်နိုင်အောင် လူထုအခြေပြုအဖွဲ့စည်းတွေပါဝင်မှ ဆိုရှယ်ဒီမိုကရေစီ ဖြစ်တယ်လို့လည်းပြောပါတယ်။ မြန်မာနိုင်ငံမှာတော့ ဒီမိုကရေစီနည်းကျတဲ့ အစိုးရဆိုတာ ဘာလဲ ဆိုတာရှင်းပြနေရတုန်းပဲလို့လည်း ပြောကြားပါတယ်။ မြန်မာစစ်တပ်ဟာ စစ်သားပီသတဲ့ တပ်မျိုးပြောင်းဖို့လိုတယ် လို့လည်း ညီလာခံမှာ ပြောကြားပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ဟာ နီပေါသမ္မတ Dr. Ram Baran Yadav နဲ့ သမ္မတအိမ်တော်မှာ မနေ့က မိနစ် ၂၀ နီးပါး တွေ့ဆုံပြီး နှစ်နိုင်ငံရေးရာတွေဆွေးနွေးကြပြီး ဒီမိုကရေစီရေးနဲ့ ဖွံံ့ဖြိုးတိုးတက်ရေးဆိုင်ရာ အတွေ့အကြုံတွေကို ဖလှယ်ကြပါတယ်။

ဒီမိုကရေစီညီလာခံမှာ ဒေါ်အောင်ဆန်းစုကြည်ပြောကြားတဲ့ မိန့်ခွန်းကောက်နုတ်ချက်ကို နားဆင်ပါ။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။