ဂုဏ်သိက္ခာရှိရှိ ယှဉ်ပြိုင်သူတွေကို ဂုဏ်ပြုကြောင်းပြော


2015.11.09
dassk-elections-speech-620.JPG ရွေးကောက်ပွဲအပြီး ပထမဆုံးအကြိမ်အဖြစ် ရန်ကုန်မြို့ ဗဟန်းမြို့နယ်ရှိ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဌာနချုပ်မှာ ဒေါ်အောင်ဆန်း စုကြည် လူထုကို မိန့်ခွန်းပြောကြားစဉ်
Photo: Kyaw Zaw Win/RFA

အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်က တရားဝင်ရလဒ်တွေ မထွက်သေးပေ မယ့် ရွေးကောက်ပွဲကို နိုင်ခဲ့ပြီလို့ယူဆကြောင်း ရှုံးတဲ့သူက သတ္တိရှိဖို့နဲ့ အိန္ဒြေရှိဖို့လိုအပ်သလို နိုင်တဲ့သူကလည်း စိတ်ကိုနှိမ့်ချပြီး သဘောထားကြီးဖို့လိုကြောင်း ဒီကနေ့ ပြောကြားလိုက်ပါတယ်။

ရွေးကောက်ပွဲအပြီး ပထမဆုံးအကြိမ်အဖြစ် ရွှေဂုံတိုင်ဌာနချုပ်အပေါ်ထပ်ကနေ လူထုကိုမိန့်ခွန်းပြောရာမှာ အခုလိုထည့်သွင်း ပြောကြားခဲ့တာဖြစ်ပါတယ်။

ဒါ့အပြင် ရွေးကောက်ပွဲရလဒ်တွေကို တရားဝင် မကြေညာသေးတဲ့အတွက် သတိနဲ့နေကြဖို့လည်း လူထုကို ဒေါ်အောင်ဆန်းစုကြည်က သတိပေးခဲ့ပါတယ်။

မနေ့က ရွေးကောက်ပွဲအပြီးမှာ သောင်းဂဏန်းရှိမယ့် ရန်ကုန်မြို့ခံတွေက အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ရုံးချုပ်ရှေ့မှာ ဒေါ်အောင်ဆန်းစုကြည်ကို စောင့်ဆိုင်းခဲ့ကြပါတယ်။ မနေ့ညက စကားမပြောဖြစ်ခဲ့ဘဲ ဒီကနေ့ မနက်မှာ ပြည်သူတွေကို ကျေးဇူးတင်ကြောင်း ပြောကြားလိုက်သလို အရှုံး အနိုင်အဓိကမဟုတ်ဘဲ ရွေးကောက်ပွဲ မှာ ယှဉ်ပြိုင်ကြတဲ့ ကိုယ်စားလှယ်လောင်းတွေကို ဂုဏ်ပြုကြောင်း ပြောလိုက်တာ ဖြစ်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။