လွတ်လပ်ရေး တန်ဖိုးထားကြ ဖို့ ဒေါ်အောင်ဆန်းစုကြည် တိုက်တွန်း
2015.01.04

ပြည်သူတွေအနေနဲ့ လွတ်လပ်ရေး ရေရှည် တည်တံ့ဖို့အတွက် တန်ဖိုးထားထိန်းသိမ်းကြဖို့ လိုအပ်တယ်လို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်က ဒီနေ့ ကျရောက်တဲ့ ၆၇ နှစ်မြောက် လွတ်လပ်ရေးနေ့ အခမ်းအနားမှာ တိုက်တွန်းလိုက်ပါတယ်။
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ရန်ကုန်မြို့ တော် ဝင်နှင်းဆီခန်းမမှာကျင်းပတဲ့ လွတ်လပ်ရေးနေ့ အခမ်းအနားမှာ ဒေါ်အောင်ဆန်းစုကြည်က အခုလိုပြောကြားသွားတာဖြစ်ပါတယ်။
ဒါ့အပြင် လွတ်လပ်ရေးကြေညာစာတမ်းနဲ့ အဓိဌာန်တွေကို မမေ့ပျောက်သင့်ကြောင်းနဲ့ အဲ့ဒီအဓိဌာန်တွေကို ပြည်သူတွေရဲ့စိတ်ထဲမှာ ရှင်သန်စေချင်ကြောင်း ဒေါ်အောင်ဆန်းစုကြည်က ပြောကြားခဲ့ပါတယ်။
အခမ်းအနားမှာ လွတ်လပ်ရေးကြေညာစာတမ်းနဲ့ အဓိဌာန်တွေကို ရွတ်ဆိုခဲ့ကြသလို တရားဥပဒေစိုးမိုးရေး ၊ ပြည်တွင်းငြိမ်းချမ်းရေး၊ ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေးနဲ့ နိုင်ငံရေးစိန်ခေါ်မှုတွေကို အမျိုးသားပြန် လည်ရင်ကြားစေ့ရေး မူတွေအပေါ်အခြေခံပြီး တွေ့ဆုံဆွေးနွေးအဖြေရှာရာကနေ အပြန်အလှန်ယုံကြည်မှု တည်ဆောက်နိုင်ရေးကို အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ကြိုးပမ်းတည်ဆောက်သွားမယ်လို့လည်း သဘောထားထုတ်ပြန်ခဲ့ပါတယ်။
အဲ့ဒီအခမ်းအနားကို အမျိုးသားဒီမိုကရေးစီအဖွဲ့ချုပ် နာယက ဦးတင်ဦး၊ ဗဟိုကော်မတီဝင်တွေနဲ့ ပါတီဝင်တွေ ၊ နိုင်ငံတကာ သံတမန်တွေ၊ ၈၈ မျိုးဆက်ငြိမ်းချမ်းရေးနဲ့ ပွင့်လင်းလူအဖွဲ့အစည်း ခေါင်းဆောင်တွေ တက်ရောက် ခဲ့ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်နဲ့ နာယက ဦးတင်ဦးတို့ တက်ရောက်ပြီး မိန့်ခွန်းပြောကြားခဲ့ပါတယ်။
ဒေါ်အောင်ဆန်းစုကြည် မိန့့်ခွန်းကောက်နှုတ်ချက်တွေကို RFA သတင်းထောက် ကိုကျော်ဇောဝင်းက တင်ပြထားပါတယ်။