အကျင့်ပျက်ချစားမှု ဝိုင်းဝန်းတိုက်ဖျက်ဖို့ လိုအပ်
2012.11.21

ဒေါ်အောင်ဆန်းစုကြည်က ဒီကနေ့ လွှတ်တော်ပြင်ပမှာ ဝန်ကြီးဌာန ၁၅ ခု ငွေကြေး အလွဲသုံးစားလုပ်မှုတွေရှိတယ်လို့ ပြည်ထောင်စု စာရင်းစစ်ချုပ်ရဲ့ လွှတ်တော်မှာ တင်ပြမှုနဲ့ ပတ်သက်ပြီး သတင်းထောက်တွေရဲ့ မေးမြန်းတာကို ဒေါ်အောင်ဆန်းစုကြည်ဖြေကြားခဲ့ပါတယ်။
လွန်ခဲ့တဲ့ ၂၀၁၁ - ၂၀၁၂ ဘဏ္ဍာရေးနှစ်အတွင်း ခွဲဝေပေးခဲ့တဲ့ ဘဏ္ဍာငွေ အသုံးပြုရာမှာ ဝန်ကြီးဌာန ၁၅ ခုမှာ အလွဲသုံးစားလုပ်တာတွေ တွေ့ရှိချက် ပြည်ထောင်စု စာရင်းစစ်ချုပ်ရုံးရဲ့ အစီရင်ခံစာကို အခြေခံပြီး ပြည်ထောင်စုလွှတ်တော်မှာ မနေ့က ဆွေးနွေးခဲ့ပါတယ်။
ငွေကြေးအလွဲသုံးစားလုပ်တဲ့ ဝန်ကြီးဌာန ၁၅ ခုမှာ ပြန်ကြားရေး၊ ရထားပို့ဆောင်ရေး၊ ဟိုတယ်နဲ့ ခရီးသွားလာရေး စတဲ့ ဝန်ကြီးဌာနေတွေ ပါဝင်ပြီး နိုင်ငံတော်အနေနဲ့ နစ်နာဆုံးရှုံးမှု တန်ဖိုးက ကျပ်သန်းပေါင်း ငါးသောင်းကျော်နဲ့ အမေရိကန်ဒေါ်လာ ၂ သိန်းရှိတယ်လို့ သိရှိရပါတယ်။
ဒါ့အပြင် ပုဂ္ဂလိက လုပ်ငန်းရှင်တွေကလည်း သက်ဆိုင်ရာ အစိုးရဝန်ကြီးဌာနတွေကို ပြန်လည်ပေးဆပ်ရမယ့် အကြွေးတွေ ကျပ်သန်းပေါင်းများစွာ ရှိနေကြောင်းလည်း ပြည်ထောင်စု စာရင်းစစ်ချုပ် ဦးသိန်းထိုက်က ပြီးခဲ့တဲ့ နိုဝင်ဘာလ ၁၄ ရက်နေ့ ပြည်ထောင်စုလွှတ်တော် အစည်းအဝေးမှာ တင်ပြခဲ့တယ်လို့ သိရပါတယ်။
![]() |
အသံဖိုင်နားထောင်ရန် |
![]() |
အသံဖိုင်ယူရန်။ |