တရားဥပဒေ ထိန်းသိမ်းရေးဟာ လူတိုင်းမှာ တာဝန်ရှိ


2013.03.22
dassk-parliament-305.jpg မတ်လ ၂၂ ရက်နေ့က လွှတ်တော်အဆောက်အအုံမှာ မိတ္ထီလာအရေး သတင်းထောက်တွေရဲ့ အမေး ကို ဒေါ်အောင်ဆန်းစုကြည် ပြန်လည်ဖြေကြားနေစဉ်
photo: RFA/Win Naung Toe

တရားဥပဒေ ထိန်းသိမ်းရေးဟာ အုပ်ချုပ်သူတွေဘက်မှာတင် မဟုတ်ပဲ ပြည်သူလူထုမှာလည်း တာဝန်ရှိကြောင်း တရားဥပဒေ စိုးမိုးရေးနဲ့ တည်ငြိမ်အေးချမ်းရေး ကော်မတီ ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်က ဒီနေ့မှာ ပြောလိုက်ပါတယ်။

ဒီကနေ့ လွှတ်တော်အဆောက်အအုံ I-၁၂ အဆောင်မှာ သတင်းထောက်တွေက မေးမြန်းစဉ် မှာ ဒေါ်အောင်ဆန်းစုကြည်က ဖြေကြားခဲ့တာပါ။

လက်ရှိ မိတ္ထီလာမြို့မှာ ဖြစ်နေတဲ့ မီးပွားဟာ မိတ္ထီလာမြို့တစ်ခုတည်းလို့ ပြောလို့မရပဲ မီးစတစ်ခုကနေ တခြားနေရာတွေကိုပါ ပြန့် သွားနိုင်ကြောင်းလည်း ဒေါ်အောင်ဆန်းစုကြည် က သတိပေးလိုက်ပါတယ်။

မိတ္ထီလာမြို့ အဓိကရုဏ်းမှာ ရဲတပ်ဖွဲ့ဝင်တွေက လုံခြုံရေးဆောင်ရွက်ပေးတဲ့နေရာမှာ  ပြဿနာကို ဖြေရှင်းဆောင်ရွက်မှုမရှိပဲ  စောင့်ကြည့်နေရုံသာတွေ့ရတယ်လို့ သတင်းထောက်တစ်ဦးက မေးမြန်းရာမှာတော့ ဒေါ်အောင်ဆန်းစုကြည်က ရဲတပ်ဖွဲ့ဝင်တွေဟာ သူတို့အနေနဲ့ တစ်ခုခုတုန့်ပြန်ရင် အများကပြစ်တင်ဝေဖန်တာတွေ ခံနေရတဲ့အတွက် စိုးရိမ်တာတွေလည်း ရှိနိုင်ကြောင်းထည့်သွင်းပြောခဲ့ပါတယ်။

ဒေါ်အောင်ဆန်းစုကြည် ဖြေကြားတဲ့အချက်တွေထဲက တစ်ချို့ကို RFA  ဝိုင်းတော်သား ဦးဝင်းနိုင်က ကောက်နှုတ်တင်ပြထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။