ဥရောပသုံးနိုင်ငံ ခရီးစဉ် ဒေါ်အောင်ဆန်းစုကြည် စတင်


2013.09.10
dassk-europe-305.JPG ဒေါ်အောင်ဆန်းစုကြည်ဟာ စက်တင်ဘာလ ၁ဝ ရက်နေ့က ဥရောပသုံးနိုင်ငံခရီးစဉ်ထွက်ခွာရန် ရန်ကုန်လေဆိပ် ကိုရောက်ရှိလာစဉ်
photo: RFA/ Kyaw Zaw Win

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်း စုကြည်ဟာ ပိုလန်၊ ဟန်ဂေရီနဲ့ ချက်ပြည်သူ့ သမ္မတနိုင်ငံတွေကို သွားရောက်ဖို့အတွက် ဒီနေ့ညနေမှာ ရန်ကုန်အပြည်ပြည် ဆိုင်ရာ လေဆိပ်ကနေ ထွက်ခွာမှာဖြစ်ပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ဟာ ဥရောပသုံးနိုင်ငံ ခရီးစဉ်အတွင်း ချက်ပြည်သူ့သမ္မတနိုင်ငံ Prague မြို့မှာ စက်တင်ဘာလ ၁၅ ရက်ကနေ ၁၇ ရက်နေ့အထိ ၃ ရက်ကြာကျင်းပမယ့် Forum 2000 ဖောင်ဒေးရှင်း ညီလာခံကို တက်ရောက်မှာဖြစ်ပါတယ်။

ဒါ့အပြင် ဒေါ်အောင်ဆန်းစုကြည်ဟာ ဥရောပခရီးစဉ်အပြီး စက်တင်ဘာလ၂၀ ရက်နေ့မှာ စင်္ကာပူနိုင်ငံမှာ ကျင်းပမယ့် The Singapore Summit Connecting Asia & The World ညီလာခံကို တက်ရောက်မှာဖြစ်သလို စင်္ကာပူနိုင်ငံမှာရှိနေတဲ့ မြန်မာမိသားစုတွေနဲ့ လည်း တွေ့ဆုံဖို့စီစဉ်ထားတယ်လို့ သိရပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။