ဒေါ်အောင်ဆန်းစုကြည် ရုပ်တု လေလံတင် ရောင်းချမည်


2018.09.13
dassk-singapore-speech-622.jpg နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ကို စင်ကာပူနိုင်ငံ ISEAS မှာ ၂၀၁၈ သြဂုတ်လ ၂၁ ရက်နေ့ကကျင်းပတဲ့ Myanmar's Democratic Transition : Challenges and Way Forward ဟောပြောပွဲမှာ တွေ့ရစဉ်
Photo: Myanmar State Counsellor Office

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ရဲ့ပုံတူ ကြေးသွန်းပန်းပုရုပ်ထုတစ်ခု၊ ပန်းအိုးတစ်ခုနဲ့ ကျောက်စိမ်းလည်ဆွဲတစ်ခုတို့ကို ဒေါ်ခင်ကြည်ဖောင်ဒေးရှင်း ရန်ပုံငွေအတွက် ဆီဒိုးနားဟိုတယ်မှာ လာမယ့် အောက်တိုဘာလ ၅ ရက်နေ့ လေလံတင် ရောင်းချပါလိမ့်မယ်။

အဲဒီ ပုံတူကြေးရုပ်ကို နော်ဝေအနုပညာရှင် Merete Sejersted Bodtker မရီးတာ စာယာ့စတက် ဗော့ကာ က  ထုလုပ်ခဲ့တာပါ။ ကြမ်းခင်းဈေးအဖြစ် ပုံတူကြေးသွန်းရုပ်ကို ငွေကျပ် သန်း ၅ဝ၊ ကျောက်စိမ်းလည်ဆွဲကို ကျပ် ၁ဝ သန်းနဲ့ ပန်းအိုးကို ကျပ် ၂ သန်း သတ်မှတ်ထားပါတယ်။ လေလံပွဲအတွက် ဝင်ခွင့်လက်မှတ်တစ်စောင်ကို အမေရိကန် ဒေါ်လာ ၁ဝဝ နဲ့ ရောင်းချမယ်လို့ သိရပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။