တစ်နိုင်ငံလုံးက ဆိုက်ကား သမားတွေကိုပါ ကျေးဇူး တင်ကြောင်း ဒေါ်အောင်ဆန်း စုကြည်ပြော
2015.11.12

NLD အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်ဟာ NLD ရွေးကောက်ပွဲ အောင်နိုင်ရေးအတွက် ပါဝင်ကူညီခဲ့တဲ့ အနုပညာရှင်တွေနဲ့ ရန်ကုန်မြို့က ဒေါ်အောင်ဆန်းစုကြည်ရဲ့ နေအိမ်ခြံဝန်းထဲမှာ ဒီကနေ့ တွေ့ဆုံ ခဲ့ပါတယ်။ ဒီတွေ့ဆုံပွဲဟာ အောင်နိုင်ရေးမှာ ပါဝင်ခဲ့တဲ့ အနုပညာရှင်တွေကို ကြိုဆိုတဲ့ တွေ့ဆုံပွဲဖြစ်တယ် လို့ ဒေါ်အောင်ဆန်းစုကြည်က ပြောပါတယ်။
ရွေးကောက်ပွဲမှာ အနုပညာရှင်တွေ ပါဝင်ခဲ့တာဟာ ပါတီရွေးကောက်ပွဲအောင်နိုင်ရေး သက်သက်မဟုတ် ဘဲ နိုင်ငံအပြောင်းအလဲမှာ ပါဝင်ခဲ့ကြတာဖြစ်တယ်လို့ ဒေါ်အောင်ဆန်းစုကြည်က ပြောခဲ့ပါတယ်။ ဒါ့ပြင် NLD ရွေးကောက်ပွဲ အောင်နိုင်ရေးအတွက် ကျေးဇူးတင်ရမယ့်သူတွေထဲမှာ ပန်းရဲ့လမ်းတေးဂီတအဖွဲ့လည်း ပါဝင်သလို နိုင်ငံတဝှမ်းက ဆိုက္ကားသမားတွေလည်း ပါဝင်တယ်လို့ ပြောခဲ့ပါတယ်။
ဒီအကြောင်း အပြည့်အစုံကို RFA ဝိုင်းတော်သားကိုဂျေ တင်ပြထားတာ နားဆင်နိုင်ပါတယ်။