သူရဦးတင်ဦးကို ဒေါ်အောင်ဆန်း စုကြည် သတင်းမေး
2017.06.03

Photo: Kyaw Zaw Win/RFA
ရန်ကုန်ပြည်သူ့ဆေးရုံကြီးမှာ တက်ရောက်ပြီး ကုသမှုခံယူနေရတဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် နာယက သူရဦးတင်ဦးကို နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ဒီကနေ့ညနေပိုင်းမှာ လာရောက် ကြည့်ရှု သတင်းမေးခဲ့ပါတယ်။
သူရ ဦးတင်ဦးဟာ ပြီးခဲ့တဲ့မေလ ၁၈ ရက်နေ့က နေအိမ် ရေချိုးခန်းမှာ ချော်လဲပြီး ရန်ကုန်ဆေးရုံကြီးမှာ တက်ရောက်ကုသမှု ခံယူနေရတာဖြစ်ပါတယ်။
သူဟာ ဦးနှောက်သွေးကြောပိတ်ရောဂါကြောင့် ကုသမှု ခံယူနေရတာဖြစ်တယ်လို့ သိရပါတယ်။
လက်ရှိအချိန်မှာတော့ သူရဦးတင်ဦးရဲ့ ကျန်းမာရေး အခြေအနေဟာ စိတ်ချရတဲ့ အနေအခြေအနေမှာ ရှိနေတယ်လို့ ရန်ကုန်ဆေးရုံကြီးရဲ့ ဆေးရုံအုပ် ဒေါက်တာ အေးကိုကိုက ပြောပါတယ်။