ဒေါ်အောင်ဆန်းစုကြည်ကို ဗြိတိန်ဘုရင်မ ကြိုဆိုဧည့်ခံ


2017.05.06
dassk-uk-queen-620.jpg နိုင်ငံတော်တိုင်ပင်ခံပုဂ္ဂိုလ်နဲ့ ဗြိတိန်နိုင်ငံ ဘုရင်မကြီး အဲလိဇဘတ်တို့ မေလ ၅ ရက်နေ့က Buckingham နန်းတော်မှာ တွေ့ဆုံစဉ်
Photo: Myanmar State Counsellor Office

လန်ဒန်မြို့ကို ရောက်ရှိနေတဲ့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ဟာ ဗြိတိန်နိုင်ငံ ဘုရင်မကြီး အယ်လီဇဘက်ကို ဘတ်ကင်းဟမ် နန်းတော်မှာ မနေ့က တွေ့ဆုံပြီး နေ့လည်စာ အတူတကွ သုံးဆောင်ခဲ့ကြ ပါတယ်။ အဲဒီနေ့လည်စာစားပွဲကို ဘုရင်မကြီးရဲ့ မြေး မင်းသား ဝီလီယံလည်း တက်ရောက်တယ်လို့ သိရပါတယ်။

ဒီအတောအတွင်း လန်ဒန်အခြေစိုက် AI ခေါ် နိုင်ငံတကာလွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့ ညွန်ကြားရေးမှူး Kerry ကယ်ရီက ရခိုင်ပြည်နယ်မှာ ရိုဟင်ဂျာတွေအပေါ် မြန်မာစစ်တပ်က နှိပ်စက်နေတာတွေကို ရပ်ဆိုင်းဖို့အတွက် ဗြိတိန်အစိုးရအနေနဲ့ ဒေါ်အောင်ဆန်းစုကြည်ကို ဆက်လက်တောင်းဆိုပါလို့ မနေ့က ပြောကြားပါတယ်။

ဒါ့အပြင် လူ့အခွင့်အရေး လေ့လာစောင့်ကြည့်မယ့်သူတွေကို ရခိုင်ပြည်နယ် သွားရောက်ခွင့်ပြုရေးအတွက် မြန်မာ အစိုးရအနေနဲ့ ကုလသမဂ္ဂလူ့အခွင့်အရေးကောင်စီနဲ့ ပူးပေါင်းဆောင်ရွက်ချိန်တန်ပြီလို့လည်း သူက ပြောပါတယ်။

ထပ်မံရရှိတဲ့ သတင်းတစ်ပုဒ်မှာတော့ လန်ဒန်မြို့က Guildhall ဂျီးလ်ခန်းမမှာ ဒေါ်အောင်ဆန်းစုကြည်ကို လာမယ့် မေလ ၈ ရက်နေ့ မြို့တော်လွတ်လပ်ရေးဆုချီးမြှင့်တဲ့ အခမ်းအနား ကျင်းပတဲ့အခါ လူအခွင့်အရေး လှုပ်ရှားသူတချို့က သွားရောက်ဆန္ဒပြကြမယ်လို့ ဖေါ်ပြထားပါတယ်။ အဲဒီ ဆုဟာ ထင်ရှားအောင်မြင်တဲ့ ကမ္ဘာတလွှားက ပုဂ္ဂိုလ်တွေကို ချီးမြှင့်တဲ့ဆုဖြစ်ပြီး တောင်အာဖရိက ဘုန်းတော်ကြီး ဒက်စမွန်တူးတူးနဲ့ သမ္မတ နယ်လ်ဆင် မန်ဒယ်လားတို့ ရရှိဖူးပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။