သူရဦးတင်ဦးကို နိုင်ငံတော် အတိုင် ပင်ခံပုဂ္ဂိုလ် သွားရောက်အားပေး
2017.06.14

ဆွီဒင်နိုင်ငံကနေ ပြန်လည်ရောက်ရှိလာတဲ့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ဟာ ရန်ကုန်ဆေးရုံကြီး နှလုံးရောဂါအထူးကြပ်မတ်ဆောင်မှာ ဆေးကုသမှုခံယူနေတဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် နာယက သူရတင်ဦးရဲ့ ကျန်းမာရေးအခြေအနေကို သွားရောက်ကြည့်ရှုအားပေးခဲ့ပါတယ်။
နာယက သူရဦးတင်ဦးရဲ့ ကျန်းမာရေး အခြေအနေဟာ ကောင်းမွန်လာပြီဖြစ်ကြောင်း အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် က ပြောပါတယ်။
သူရ ဦးတင်ဦးဟာ ပြီးခဲ့တဲ့ မေလ ၁၈ ရက်နေ့က နေအိမ် ရေချိုးခန်းမှာ ချော်လဲပြီး ဦးခေါင်းထိခိုက်သွား တာကြောင့် ရန်ကုန်ဆေးရုံကြီးမှာ တက်ရောက်ကုသမှု ခံယူနေရတာ ရက် ၂၀ ကျော်လာပြီဖြစ်ပါတယ်။
နာယက ဦးတင်ဦးဟာ ဒီလကုန်မှာ ဆေးရုံကနေဆင်းနိုင်မယ်လို့ မျှော်လင့်ကြောင်း ရန်ကုန်ဆေးရုံအုပ် ကြီး ဒေါက်တာအေးကိုကို က ပြောပါတယ်။
လက်ရှိမှာ ဦးနှောက်သွေးကြောပိတ်လို့ ကိုယ်တစ်ခြမ်းလေဖြတ်နေတာဖြစ်ပါတယ်။
ဒေါ်အောင်ဆန်းစုကြည်ဟာ ဥရောပခရီးစဉ်မသွားခင် ဇွန်လ ၃ရက်နေ့ကလည်း ဆေးကုသမှုခံယူနေတဲ့ ဦးတင်ဦးကို သွားရောက်ကြည့်ရှုအားပေးခဲ့ပါတယ်။
နာယက သူရဦးတင်ဦး ဟာ အခုဆိုရင် အသက် ၉ဝကျော်ရှိပြီဖြစ်ပြီး ၁၉၇၄ ခုနှစ်မှာ တပ်မတော်ရဲ့ ထိပ်ပိုင်းအကြီး ဆုံး ရာထူးဖြစ်တဲ့ ကာကွယ်ရေးဦးစီးချုပ်တာဝန်ကို ထမ်းဆောင်ခဲ့တာဖြစ်ပါတယ်။