သမ္မတနဲ့ အတိုင်ပင်ခံပုဂ္ဂိုလ်တို့ ကျန်းမာရေးကောင်းမွန်

2021.02.07
သမ္မတနဲ့ အတိုင်ပင်ခံပုဂ္ဂိုလ်တို့ ကျန်းမာရေးကောင်းမွန် နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ သမ္မတဦးဝင်းမြင့်ကို တွေ့ရစဉ်
Photo: RFA

နိုင်ငံတော်သမ္မတ၊ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်နဲ့ နေပြည်တော်ကောင်စီ ဥက္ကဋ္ဌတွေ အားလုံး ကျန်းမာရေး ကောင်းမွန်ပြီး စိုးရိမ်စရာမရှိဘူးလို့ NLD ပါတီက ဦးမင်းသူ ကပြောပါတယ်။

"လူကြီးတွေ ကျန်းမာရေး အခြေအနေ အရမ်းကောင်းတယ်။ အမေစုကတော့ပြောမနေနဲ့။ သူ့ရဲ့ခြံထဲမှာပဲ ရှိတယ်" ဟု ဦးမင်းသူ ကပြောပါတယ်။ သမ္မတနဲ့ဇနီးလည်း ကျန်းမာရေးကောင်းမွန်ပြီး စိုးရိမ်စရာမရှိဘူးလို့ ဦးမင်းသူ က ဆိုသည်။

"အနီးကပ်ခြံမှာ ဒေါက်တာမျိုးအောင်ရှိတယ်။ ဦးကျော်တင့်ဆွေတို့ ရှိတယ်"လို့လည်း ပြောပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။