ဂျပန်တွေရဲ့ စွမ်းပကား ဒေါ်အောင်ဆန်းစုကြည် ဂုဏ်ပြုပြောကြား
2011.03.26

Photo: AFP
RFA က ထုတ်လွှင့်နေတဲ့ အမေးအဖြေကဏ္ဍ အတွက် ဖြေကြားခဲ့ရာမှာ ဂျပန်နိုင်ငံက ကယ်ဆယ်ရေး လုပ်ငန်းတွေမှာ မြန်မာနိုင်ငံသားတွေ ပါဝင် ကူညီနေကြတဲ့အတွက် ဝမ်းသာ အားရပါကြောင်းနဲ့ ပြည်တွင်းပြည်ပ NLD အဖွဲ့ဝင်တွေကလည်း တတ်အားသမျှ ပါဝင် ကူညီမှာဖြစ်ကြောင်း၊ ပြည်တွင်း NLD အဖွဲ့ဝင်တွေအနေနဲ့ ရုပ်ပိုင်းဆိုင်ရာအရ မကူညီနိုင်ပေမယ့် ကရုဏာထား စာနာကြောင်း ပြသတဲ့အနေနဲ့ ဆူနာမီနဲ့ ပတ်သက်တဲ့ ကဗျာတွေ စုပြီး ပို့ဖို့ စီစဉ်နေကြောင်း၊ နိုင်ငံခြားမှာရှိတဲ့ NLD လွတ်မြောက်နယ်မြေ အဖွဲ့ဝင်တွေက ငွေကြေးစုဆောင်းပြီး ဂျပန်ကိုပို့ဖို့ စီစဉ်နေတယ်လို့လည်း သိရကြောင်း ဒေါ်အောင်ဆန်းစုကြည်က ပြောဆိုလိုက်ပါတယ်။