ပြည်ထောင်စုစိတ်ဓာတ် ရှင်သန်ရေး တိုင်းရင်းသား အကူအညီလိုအပ်
2011.03.12

ရန်ကုန်မြို့ NLD အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ရုံးမှာ ရခိုင်ပြည်နယ်နဲ့ ချင်းပြည်နယ်က စည်းရုံးရေးကော်မတီ အဖွဲ့ဝင်တွေနဲ့ NLD ဗဟို အလုပ်အမှုဆောင်အဖွဲ့နဲ့ တွေ့ဆုံချိန်မှာ အဲဒီလို ပြောကြားလိုက်တာပါ။
ပြည်နယ်နှစ်ခု တပေါင်းတည်း ဆွေးနွေးကြတာဖြစ်ပြီး ဒီ ပြည်နယ်တွေက တိုင်းရင်းသားတွေမှာ ပြည်ထောင်စု စိတ်ဓာတ် အမြစ်တွယ်နေပြီလို့ ဒေါ်အောင်ဆန်းစုကြည်က ပြောကြားတဲ့အကြောင်း NLD ပြန်ကြားရေးတာဝန်ခံ ဦးအုန်းကြိုင်က ပြန်ပြောပြပါတယ်။
“တိုင်းရင်းသားတွေဟာ ကိုယ့်လူမျိုးကို ကိုယ်ချစ်ခင် တန်ဖိုးထားကြပေမယ့် သူတို့ရဲ့ နှလုံးသားထဲမှာ ပြည်ထောင်စုစိတ်ဓာတ် အမြစ်တွယ်နေပြီလို့ ကျမ ခံစားရပါတယ်၊ ဒီအမြစ်တွယ်နေတဲ့ ပြည်ထောင်စုစိတ်ဓာတ်ကို ပိုမိုရှင်သန်အောင် ဝိုင်းပြီးတော့ ပြုစုပျိုးထောင် ပေးစေချင်ပါတယ်၊ ၂၁ ရာစု ပင်လုံညီလာခံ ဆိုတာလည်း ဒီရည်ရွယ်ချက်နဲ့ ဦးတည်ပြီး ကျင်းပဖို့ စီစဉ်နေတာ ဖြစ်ပါတယ်၊ စစ်မှန်တဲ့ ပြည်ထောင်စုစိတ်ဓာတ်ကို ရှင်သန်အောင် လုပ်တဲ့အခါမှာ ကျမတို့ တိုင်းရင်းသားများ အကူအညီက အဓိက လိုအပ်ချက်ပါ၊ ဒါ့ကြောင့် ရခိုင်နဲ့ ချင်းပြည်နယ်က ကိုယ်စားလှယ်တွေဟာ ကျမတို့ အဖွဲ့ချုပ်ကရော တခြား ပြည်သူပြည်သားတွေကရော စစ်မှန်တဲ့ ပြည်ထောင်စုစိတ်ဓာတ် ဘယ်လို ရှင်သန်အောင် လုပ်နိုင်မလဲ ဆိုတာကို အကြံပြုချက်များ ပေးနိုင်ရင် ကျမတို့ အင်မတန် ကျေးဇူးတင်ပါမယ်၊ အဖွဲ့ချုပ်နဲ့ ပြည်သူ မကင်းမကွာ တသားတည်း ရှိနေဖို့ကတော့ ဒီပြည်နယ်တွေကို ထူးထူးထွေထွေ ရှင်းပြနေဖို့တောင် လိုမယ်မထင်ပါဘူး”
ဒီနေ့ တွေ့ဆုံပွဲမှာ ပြည်နယ် နှစ်ခုစလုံးက ကိုယ်စားလှယ်တွေက ဒေသတွင်းက အခြေအနေ အရပ်ရပ်ကို တင်ပြကြပြီး NLD ဗဟို အလုပ်အမှုဆောင် အဖွဲ့နဲ့ ညှိနှိုင်း တိုင်ပင်ကြတယ်လို့ သိရပါတယ်။
အဲဒီ ရခိုင်ပြည်နယ်နဲ့ ချင်းပြည်နယ်က စည်းရုံးရေး ကော်မတီ အဖွဲ့ဝင်တွေနဲ့ NLD ဗဟို အလုပ်အမှုဆောင် အဖွဲ့ တွေ့ဆုံဆွေးနွေးပွဲ အကြောင်း ဒေါ်စမ်းစမ်းတင်က တင်ပြထားပါတယ်။
![]() |
စုစည်းတင်ပြချက်။ |
![]() |
အသံဖိုင်ယူရန်။ |