ဒေါ်ခင်ဝင်း သေဆုံးရမှု ဝမ်း နည်းကြောင်း တရုတ်အစိုးရ ပြော


2014.12.24
lpt-dawkhinwin-funeral-305 ဒီဇင်ဘာလ ၂၂ ရက်နေ့က ကြေးနီစီမံကိန်းမှာ သေနတ်ဒဏ် ရာနဲ့ သေဆုံးခဲ့တဲ့ မိုးကြိုးပြင်အလယ်ရွာသူ ဒေါ်ခင်ဝင်း (၅၃) နှစ် ဈာပနကို ဆည်တည်း၊ ဇီးတောနဲ့ ကျောက်ဖြူတိုင်ကျေး ရွာတွေက နွားလှည်းတွေနဲ့ သွားရောက်စဉ်
Kyaw Zaw Win/ RFA

တရုတ်ဝမ်ပေါင် ကုမ္ပဏီနဲ့ အစိုးရစစ်တပ်ပိုင် ဦးပိုင်ကုမ္ပဏီတို့ကြေးနီ ထုတ်လုပ်နေတဲ့ လက်ပံတောင်းတောင် ကြေးနီစီမံကိန်း ပဋိပက္ခမှာ အမျိုးသမီးတစ်ယောက် သေနတ်ဒဏ်ရာနဲ့ သေဆုံး သွားတဲ့ အတွက် ဝမ်းနည်းပါကြောင်း တရုတ်အစိုးရ က ပြောကြားလိုက်ပါတယ်။

ပြီးခဲ့တဲ့ တနင်္လာနေ့က ဝမ်ပေါင်ကုမ္ပဏီက အသိမ်းခံ ထားရတဲ့မြေတွေကို ခြံစည်းရိုးခတ်နေတဲ့အပေါ် မြေ ယာလျော်ကြေး မယူခဲ့ကြတဲ့ ရွာ ၃ ရွာက တောင် သူတွေက တားမြစ်ခဲ့ကြပါတယ်။ အဲ့ဒီ တောင်သူတွေ ကို လုံခြုံရေးတပ်ဖွဲ့က ပစ်ခတ်လူစုခွဲခဲ့ရာမှာ အသက် ၅ဝ ကျော် ဒေါ်ခင်ဝင်း ဆိုတဲ့တောင်သူ အမျိုးသမီးကြီး တစ်ဦး ဦးခေါင်းကိုထိမှန်ပြီး ပွဲချင်းပြီးသေဆုံးသွား ခဲ့ပါတယ်။

အခုလို လူသေဆုံးခဲ့ရတဲ့ ဖြစ်ရပ်နဲ့ပတ်သက်ပြီး စိုးရိမ်ပူပန်မိသလို၊ ဝမ်းနည်းကြေကွဲရပါကြောင်း တရုတ်အစိုးရ နိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရအမျိုး သမီး ဟွာချွန်ယင်က မနေ့က ကျင်းပခဲ့တဲ့ ပုံမှန်သတင်း စာရှင်းလင်းပွဲ မှာ ပြောကြားခဲ့ပါတယ်။

ဒါ့ပြင် တရုတ်ကုမ္ပဏီတွေအနေနဲ့လည်း သက်ဆိုင်ရာ နိုင်ငံဒေသရဲ့ စည်းမျဉ်းဥပဒေတွေကို လေးစားလိုက်နာဖို့ လိုကြောင်း၊ ဒီကိစ္စနဲ့ပတ်သက်ပြီး ကုမ္ပဏီတာဝန်ရှိသူတွေအနေနဲ့ နစ်နာရသူတွေအတွက် လိုအပ်သလို ညှိနှိုင်းဆောင်ရွက်ပေးဖို့ တိုက်တွန်းကြောင်း ပြောသွားခဲ့ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။