ရှမ်းပြည်နယ်မြေငလျင် သေဆုံးသူ နှစ်ရာခန့် ရြှိပီဟု ဒေသခံများပြော

မြန်မာ၊ ထိုင်းနဲ့ လာအိုနိုင်ငံတွေ ဆုံရာ ရွှေတြိဂံဒေသမှာ ဗဟိုပြုပြီး လှုပ်ခဲ့တဲ့ ငလျင်ကြောင့် သေဆုံးသူပေါင်း အခုအခါ နှစ်ရာနီးပါး ရှိသွားပြီလို့ ဒေသခံတွေက ပြောကြပါတယ်။

2011.03.26
tarlay_quake_tent_305_z ၂ဝဝ၁ ခုနှစ် မတ်လ ၂၄ ရက်နေ့က ရှမ်းပြည်နယ်အရှေ့ပိုင်း ရွှေတြိဂံဒေသကို ဗဟိုပြုပြီး အင်အား ၆.၈ ရှိသည့် ငလျင် လှုပ်သွားပြီးနောက် တာလေမြို့နယ်အတွင်း ယာယီ မြေစိုက်ရွက်ဖျင်တဲ တခုတွင် ငလျင်ဒဏ်ခံ ဒုက္ခသည် ကလေးငယ်တဦးကို တွေ့ရပုံ။ (Photo: AFP)
(Photo: AFP)

မနေ့က ညပိုင်းအထိ နောက်ဆက်တွဲ ငလျင်ငယ်တွေ ဆက်လှုပ်နေဆဲ ဖြစ်ပါတယ်။ ဒီကနေ့မနက် ၅ နာရီ ၃၇ မိနစ်မှာ ၄.၆ ပြင်းအားရှိတဲ့ ငလျင်တကြိမ် လှုပ်ခတ်ခဲ့သလို မနက် ၅ နာရီ ၅ဝ မိနစ်မှာလည်း ၄.ဝ ရှိတဲ့ ငလျင်တကြိမ် လှုပ်ခတ်ခဲ့တယ်လို့ ထိုင်း ရုပ်မြင်သံကြား သတင်းတွေမှာ ဖော်ပြခဲ့ပါတယ်။

တာချီလိတ်မြို့နယ်အတွင်းမှာ နောက်ထပ် ငလျင်ကြီးတွေ လှုပ်မှာကို စိုးရိမ်နေကြတဲ့အတွက် ဒေသခံတွေ နေအိမ်တွေမှာ မနေကြတော့ဘဲ အမိုးအကာ ကင်းမဲ့တဲ့ ကွင်းပြင်တွေမှာ ထွက်ပြီး နေကြတယ်လို့လည်း သိရပါတယ်။

လောလောဆယ် ငလျင်ဒဏ်ခံ ပြည်သူတွေဟာ စားစရာတချို့နဲ့ သောက်ရေတွေ ရရှိနေကြပေမယ့် လုံလောက်အောင် မရသလို ဆေးဝါးအကူအညီတွေလည်း လိုအပ်နေတယ်လို့ သိရပါတယ်။

ဒီအကြောင်း အသေးစိတ်ကို အာအက်ဖ်အေ သတင်းထောက် ကိုအောင်မိုးမြင့်က သတင်းပေးပို့ထားပါတယ်။

သတင်းပေးပို့ချက်။
အသံဖိုင်ယူရန်။
မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။

မှတ်ချက်

Anonymous
2011-03-27 00:08

2793542