ထားဝယ် ရေနက်စီမံကိန်း အတွက် ကျေးရွာ ရွှေ့ပြောင်းပေးရ
2011.10.05

(Map: RFA)
ဆည်တည်ဆောက်မှုကြောင့် အိမ်ခြေ တရာကျော်ရှိ ကလုံးတာ ကျေးရွာရေ နစ်မြုပ်မှာမို့ ရွာသူရွာသားတွေဟာ ငါးမိုင်ခန့်ဝေးကွာတဲ့ နေရာကို ပြောင်းရွှေ့ပေးရမယ်လို့သိရပါတယ်။
ကျေးရွာ အထက်ဖက်မှာ ဆောက်လုပ်ရင် ရေလွတ်ပြီး ပြောင်းရွှေ့ပေးစရာ မလိုပေမဲ့
ဆောက်လုပ်ရေး လွယ်ကူစေဖို့ အတွက် ကျေးရွာအောက်ဖက် နေရာကိုပဲ ရွေးချယ်တာလို့ ယူဆရကြောင်း ဒေသခံတဦးက ပြောပါတယ်။
ကလုံးတာရွာဟာ
ကျေးရွာလူကြီးတွေက ပညာရှင်တဦးကို အကူအညီတောင်း တိုင်းထွာချက်အရ ကလုံးတာ ကျေးရွာ အထက် ၃ မိုင်ခန့် အကွာမှာ ဆည် တည်ဆောက်ခဲ့ရင် ကျေးရွာ ရေလွတ်ပြီး သဘာဝ ပတ်ဝန်းကျင် ထိခိုက်မှု နဲပါးမှာ မှန်ပေမဲ့၊ စက်မှုဇုန်ကို ပေးပို့တဲ့ ရေပိုက်ကို
အလျား ၃ မိုင် ပိုပြီး ဆောက်ရမှာ ဖြစ်တယ်လို့ ဆိုပါတယ်။
ကျေးရွာ အောက်ဖက်မှာ တည်ဆောက်တဲ့ အတွက် ဖြစ်ပေါ်လာမဲ့ နောက်ဆက်တွဲ ဆိုးကျိုးတွေကို စောစောက ဒေသခံကပဲ ဆက်ပြောပါတယ်။
ကလုံးတာရွာမှာ ရှိတဲ့ သတ္တုတွင်းကိုလည်း ပိတ်ရမဲ့ အနေအထား ရှိနေပြီး၊ အဲဒီဒေသမှာ ရှားပါးသတ္တဝါ ဖြစ်တဲ့ ကြံ့သူတော်လည်း ရှိကြောင်း၊ ရွာအနီးမှာရှိတဲ့ ရေပူစမ်းလည်း ပျောက်ကွယ်သွားမှာ ဖြစ်ပြီး သစ်ထုတ်လုပ်နေတဲ့ တောကိုလည်း ရေဖုံးလွှမ်းသွားမှာ ဖြစ်တယ်လို့ ဒေသခံက ပြောပြပါတယ်။
ဘူမိဗေဒ တိုင်းထွာချက်များ အရ ကျေးရွာ အပေါ်ပိုင်းရှိ မြေလွှာဟာ ရေစိမ့်မဝင်နိုင်တဲ့ မြေလွှာ ဖြစ်ပြီး၊ ရေလှောင်ဖို့သင့်တော်တဲ့ မြေသားဖြစ်ပေမဲ့ ထားဝယ် ရေနက်ဆိပ်ကမ်း စက်မှုဇုန် စီမံကိန်း တာဝန်ခံ ITT ခေါ် အီတာလျံ-ထိုင်း ကုမ္ပဏီက ကျေးရွာက တင်ပြတဲ့ နေရာကို လက်မခံဘဲ
မူလ သူတို့ရေးဆွဲထားတဲ့ အတိုင်း ဆက်လက် အကောင်အထည် ဖေါ်နေတယ်လို့သိရပါတယ်။