အသေးစားနဲ့ အလတ်စား လုပ်ငန်းတွေ မြှင့်တင်မယ်လို့ ဒီမိုကရက်တစ်ပါတီ (မြန်မာ) ပြော


2015.09.26
uthuwai-campaign-620.jpg ရန်ကုန်မြို့ စမ်းချောင်းမြို့နယ်မှာ စက်တင်ဘာလ ၁၆ ရက်နေ့က ဒီမိုကရက်တစ်ပါတီ (မြန်မာ) ဥက္ကဌ ဦးသုဝေ မဲဆွယ်စည်းရုံးစဉ်
Photo: Zar Ni Htun/RFA

မြန်မာနိုင်ငံ စီးပွားရေးဖွံ့ဖြိုးဖို့အတွက် အသေးစားနဲ့ အလတ်စား စီးပွားရေးလုပ်ငန်းတွေကို မြှင့်တင်သွားရမယ်လို့ ဒီမိုကရက်တစ်ပါတီ( မြန်မာ) အကြီးအကဲက ပြောကြားလိုက်ပါတယ်။

ရန်ကုန်မြို့ စမ်းချောင်းမြို့နယ်မှာ မနေ့က ရွေးကောက်ပွဲအတွက် မဲဆွယ်စည်းရုံးစဉ် ဒီမိုကရက်တစ်ပါတီ (မြန်မာ) ဥက္ကဌ ဦးသုဝေက ပါတီရဲ့မူဝါဒနဲ့ ပတ်သက်ပြီး ပြောခဲ့တာဖြစ်ပါတယ်။

"ကျနော်တို့ တိုင်းပြည်ရဲ့ လက်ရှိအခြေအနေအရပေါ့နော် စီးပွားရေးဖွံ့ဖြိုးတိုးတက်ဖို့ဆိုရင် ဘာကိုအဓိက လုပ်ပေးရမလဲဆိုတော့ အလယ်အလတ် စီးပွားရေးသမားတွေ စီပွားရေးသမား အငယ်တွေပေါ့နော်၊ အဓိကအဲ့ဒါတွေကို များများကြီးပိုပြီးတော့ လုပ်ပေးရမှာပေါ့၊ စီပွားရေးသမားကြီးတွေကဖြင့်ရင် နိုင်ငံတကာနဲ့ စီးပွားရေးတွေ ဒါတွေကတော့ ကြိုးစားနေရမှာပေါ့၊ အသေးစားတို့ အလတ်စားတို့က အခုမှယှဉ်ပြိုင်ရမှာပေါ့"

ဒီမိုကရက်တစ်ပါတီ(မြန်မာ)ကို နိုင်ငံရေးသမားကြီး ဦးသုဝေနဲ့ ဝန်ကြီးချုပ်ဟောင်းဦးနုရဲ့သမီး ဒေါ်သန်းသန်းနု တို့က ဦးဆောင်တာဖြစ်ပြီး အခုလာမယ့် ရွေးကောက်ပွဲမှာ လွှတ်တော်ကိုယ်စားလှယ် လောင်း ၅၁ ဦးနဲ့ ရန်ကုန် တိုင်းအပါအဝင် တိုင်းဒေသကြီး ၅ ခုတို့မှာ ဝင်ရောက်ယှဉ်ပြိုင်ကြမှာ ဖြစ်ပါတယ်။

အဲ့ဒီပါတီဟာ မဲဆွယ်စည်းရုံးမှုတွေကို ရန်ကုန်မြို့ ကျောက်တံတား၊ တောင်ဒဂုံ၊ စမ်းချောင်းနဲ့ မှော်ဘီ မြို့နယ်တွေ မှာ လုပ်ဆောင်နေပြီ ဖြစ်ပါတယ်။

ဒီမိုကရက်တစ်ပါတီ (မြန်မာ) ဥက္ကဌ ဦးသုဝေကို RFA သတင်းထောက် မမိုးကလျာဦး တွေ့ဆုံမေးမြန်းထားတာ နားဆင်နိုင်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။