ကရင် နယ်ခြားစောင့်တပ်မှ ထွက်ပြေးသူ နှစ်ဆတိုးလာ
2011.01.26

(Photo: AFP)
ပြီးခဲ့တဲ့
ဒီဇင်ဘာလအတွင်း ထွက်ပြေးပူးပေါင်းလာတဲ့ BGF တပ်ဖွဲ့ဝင်အင်အား ၂၀ လောက်ရှိပြီး အခု ဇန်နဝါရီလ
တတိယပတ် အထိ ထွက်ပြေးလာသူ ၄၀ နီးပါး ရှိနေပြီလို့ KNU ကရင်အမျိုးသား လွတ်မြောက်ရေးတပ်မတော်
တပ်မဟာ ၇ တပ်ရင်း ၁၀၁ တပ်ရင်းမှူး ဒုတိယ ဗိုလ်မှူးကြီး ဖောသိုက ပြောပါတယ်။
သူတို့ အလိုလားဆုံးကတော့ ပြည်တွင်း ငြိမ်းချမ်းရေးပဲ။ အခုက BGF နဲ့ လုပ်ခိုင်းလည်းပဲ ကရင်အချင်းချင်းပဲ ပြန်တိုက်နေရတယ်ဆိုတော့ ဒီကောင်တွေလည်း မလုပ်ချင်တော့ဘူးဗျ။
“သူတို့က အဲဒီ ဟိုဥစ္စာလေ၊ နအဖ တပည့်မခံနိုင်လို့ ပြန်လာကြတာပဲ။ အားလုံး ၃၇ ယောက်နော်၊ ဒီဇင်ဘာလမှာတော့ ၂၀ ကျော်ပဲ။ တိုးလာတယ်။ နောက်ထပ် တိုးဦးမယ်ဗျ။ ဘာကြောင့် တိုးလာလဲဆိုတော့ သူတို့က ဒီစနစ်ကို မကြိုက်ဖူးလေ။ သူတို့ အလိုလားဆုံးကတော့ ပြည်တွင်း ငြိမ်းချမ်းရေးပဲ။ အခုက BGF နဲ့ လုပ်ခိုင်းလည်းပဲ ကရင်အချင်းချင်းပဲ ပြန်တိုက်နေရတယ်ဆိုတော့ ဒီကောင်တွေလည်း မလုပ်ချင်တော့ဘူးဗျ။ အဲလို ဖြစ်နေတယ်။”
ကေအန်ယူရဲ့ အခြား တပ်မဟာတွေမှာလည်း နယ်ခြားစောင့်တပ်က ထွက်ပြေးပြီး ပူးပေါင်းလာသူတွေ ရှိပေမဲ့ စာရင်း အတိအကျတော့ မရရှိသေးပါဘူး။
မြန်မာစစ်အစိုးရဟာ ကေအန်ယူ ကရင် အမျိုးသား အစည်းအရုံး တပ်တွေ၊ ဗိုလ်မှူးကြီး စောလားပွယ် ဦးဆောင်တဲ့ DKBA လက်ကျန်တပ်တွေနဲ့ ဖြစ်ပွားနေတဲ့ စစ်ဆင်ရေးတွေမှာ ဒီကေဘီအေအသွင်ပြောင်း BGF တပ်ဖွဲ့တွေကို အသုံးပြု တိုက်ခိုက်နေတယ်လို့ သိရပါတယ်။