ပါတီတိုင်းကို မိတ်ဖက်ပါတီအဖြစ် သဘောထားကြောင်း ဦးဌေးဦးပြော
2013.03.10
NLD ပါတီရဲ့ နိုင်ငံလုံးဆိုင်ရာ ညီလာခံကို ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီက တက်ရောက်ခဲ့တာဟာ တိုင်းပြည်တိုးတက်ဖွံ့ဖြိုးရေးအတွက် ပါတီတိုင်းကို မိတ်ဖက်ပါတီအဖြစ် သဘောထားတဲ့အတွက် သွားရောက်ခဲ့တာဖြစ်တယ်လို့ ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီ ဒုတိယဥက္ကဋ္ဌ ဦးဌေးဦးက ပြောကြားပါတယ်။
ဒီကနေ့ နေ့လည်ပိုင်းက ရန်ကုန်မြို့၊ ဗဟန်းမြို့နယ်၊ ပြည်ထောင်စုကြံံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ရုံးခန်းမှာကျင်းပတဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြောဆိုလိုက်တာပါ။
ဒါ့အပြင် (၂၀၁၅) ခုနှစ် ရွေးကောက်ပွဲမှာ ဒေါ်အောင်ဆန်းစုကြည် သမ္မတ ဖြစ်နိုင်ကြောင်း ဦးဌေးဦး ပြောခဲ့တယ်ဆိုတဲ့ အင်တာနက် မီဒီယာတွေပေါ်က သတင်းတွေဟာလည်း မဟုတ်မှန်ဘူးလို့ တုံ့ပြန်ပြောဆိုခဲ့ပါတယ်။
ပြီးခဲ့တဲ့ (၁၉၉၃) ခုနှစ်ကတည်းက လူမူရေးအသင်းအဖွဲ့တစ်ခုအဖြစ် စတင်တည်ထောင်ခဲ့တဲ့ USDP ပါတီဟာ လက်ရှိမှာ ပါတီဝင်အင်အား (၂) သိန်းကျော် ရှိသွားပြီးဖြစ်ပါတယ်။