ကြားဖြတ်ရွေးကောက်ပွဲ မသန်စွမ်း မဲဆန္ဒရှင်တွေ အလွယ်တကူ မဲပေးနိုင်မှုမရှိ
2018.11.03

မဲရုံထက်ဝက်လောက်ဟာ မသန်စွမ်း မဲဆန္ဒရှင်တွေ အလွယ်တကူ မဲပေးနိုင်အောင် ပြင်ဆင်ထားခြင်း မရှိကြောင်း ရွေးကောက်ပွဲစောင့်ကြည့်လေ့လာတဲ့ ရွေးကောက်ပွဲဆိုင်ရာ ပြည်သူ့လှုပ်ရှားမှုအဖွဲ့ - PACE နဲ့ ဖန်တီးအိမ်အဖွဲ့တို့က ကြေညာချက် ထုတ်ပြန်လိုက်ပါတယ်။
တစ်နိုင်ငံလုံး အတိုင်းအတာနဲ့ လစ်လပ်မဲဆန္ဒနယ် ၁၃ နေရာမှာ မဲပေးခွင့်ရှိသူ ၉သိန်းကျော်ရှိပြီး မဲရုံပေါင်း ၁၃၀၀ ကျော် ရှိပါတယ်။
အဲဒီထဲက ထက်ဝက်လောက်ဟာ ဘီးတပ်ကုလားထိုင်တွေနဲ့ လာတဲ့ မဲဆန္ဒရှင်တွေအတွက် အကူအညီမပါဘဲ လာရောက်မဲပေးဖို့ မလွယ်ကူတဲ့အပြင် ဆန္ဒပြုခန်းတွေကိုလည်း အဆင်ပြေလွယ်ကူစေဖို့ ပြင်ဆင်ထားတာ မတေ့ွရဘူးလို့ ကြေညာချက်မှာ ပါရှိပါတယ်။
PACE အဖွဲ့နဲ့ ဖန်တီးအိမ်အဖွဲ့ဟာ လစ်လပ်မဲဆန္ဒနယ် ၁၃ နေရာထဲက မန္တလေးတိုင်းဒေသကြီး လွှတ်တော် ရှမ်းတိုင်းရင်းသားလူမျိုး မဲဆန္ဒနယ်ကို လေ့လာစောင့်ကြည့်ခြင်းမရှိဘဲ ကျန်တဲ့ ၁၂ နေရာမှာ လေ့လာသူ ၅၇၉ ဦးနဲ့ စောင့်ကြည့်နေတာဖြစ်တယ်လို့ သိရပါတယ်။