သဘာဝဘေး ကြိုတင်ကာကွယ်ရေး စာချုပ်မှာ ပါဝင်ဖို့ လွှတ်တော် အတည်ပြု


2017.06.07
pyitaungsu-hluttaw-622.jpg ပြည်ထောင်စုလွှတ်တော် အစည်းအဝေးကျင်းပစဉ်
Photo: Myanmar Union Parliament Facebook

အရှေ့တောင်အာရှ အာဆီယံ နိုင်ငံတွေနဲ့ ရှရှားဖက်ဒရေးရှင်းနိုင်ငံကြား သဘာဝဘေးဒဏ် ကြိုတင်ကာကွယ်ရေးနဲ့ တုန့်ပြန်ဆောင်ရွက်ရေးဆိုင်ရာ နိုင်ငံတကာသဘောစာချုပ်မှာ မြန်မာနိုင်ငံ ပါဝင်လက်မှတ်ရေးထိုးရေးကိစ္စ ကို ပြည်ထောင်စုလွှတ်တော်က အတည်ပြုလိုက်ပါတယ်။

အဲဒီ သဘာဝဘေးဒဏ် ကြိုတင်သတိပေးရေးနဲ့ လျော့ပါးသက်သာရေးသဘောတူညီချက်ဟာ အာဆီယံနဲ့ ရုရှား ကြား အရင်ချုပ်ဆိုထားတဲ့ နိုင်ငံရေး၊ လုံခြုံရေး၊ ပညာရေး၊ စီးပွားရေးနဲ့ ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ စာချုပ်ကို တိုးချဲ့ ထား တာဖြစ်ပါတယ်။

ဒီကိစ္စနဲ့ပတ်သက်ပြီး လူမှုဝန်ထမ်း ကယ်ဆယ်ရေးနဲ့ ပြန်လည်နေရာချထားရေးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက် တာ ဝင်းမြတ်အေး က မြန်မာနိုင်ငံဟာ ကမ္ဘာ့ရာသီဥတုပြောင်းလဲမှု၊ ပြည်တွင်းဂေဟစနစ်ပြောင်းလဲမှုတွေကြောင့် သဘာ ဝဘေးဒဏ်တွေ နှစ်စဉ်ခံစားနေရကြောင်း၊ ဒါ့ပြင် သဘာဝဘေးသာမက လူကြောင့်ဖြစ်တဲ့ ဘေးအန္တ ရာယ်တွေကို လည်း ခံစားနေရတာကြောင့် ဒီစာချုပ်မှာ လက်မှတ်ရေးထိုးဖို့ အတည်ပြုသင့်ကြောင်း ဆွေးနွေးတင်ပြ ခဲ့ပါတယ်။

မြန်မာနိုင်ငံဟာ ဟိမဝန္တာဒေသ၊ အင်ဒိုချိုင်းနားနဲ့ မလေးကျွန်းဆွယ်တို့ရဲ့အလယ်မှာ တည်ရှိနေပြီး၊ ကမ္ဘာမှာ ဇီဝမျိုး ကွဲတွေ အစုံလင်ဆုံး နိုင်ငံတနိုင်ငံဖြစ်ပေမဲ့၊ ကမ္ဘာမြေပူနွေးလာနေတဲ့အခြေအနေနဲ့ လူ့နေထိုင်မှု တိုးတက် ကျယ်ပြန့်လာနေတဲ့ဒဏ်တွေကိုလည်း ခံစားနေရတာဖြစ်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။