အမေရိကန်နဲ့ အင်ဒိုနီးရှား သမ္မတတွေ မြန်မာ့အရေး ထည့်သွင်းဆွေးနွေး

RFA Burmese
2023.11.14
အမေရိကန်နဲ့ အင်ဒိုနီးရှား သမ္မတတွေ မြန်မာ့အရေး ထည့်သွင်းဆွေးနွေး အင်ဒိုနီးရှားသမ္မတ ဂျိုကို ဝီဒိုဒိုနှင့် အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင်အား ၂၀၂၂ ခုနှစ် နိုဝင်ဘာလ ၁၆ ရက်နေ့က အင်ဒိုနီးရှားနိုင်ငံတွင် တွေ့ရစဉ်။
Reuters

အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင်ဟာ မနေ့က အင်ဒိုနီးရှားသမ္မတ ဂျိုကို ၀ီဒိုဒိုနဲ့ တွေ့ဆုံခဲ့သလို တရုတ်သမ္မတ ရှီကျင့်ဖျင်နဲ့လည်းတွေ့ဆုံဖို့ရှိတယ်လို့ ရိုက်တာသတင်းတစ်ရပ်မှာ ဖော်ပြပါတယ်။

မနေ့က အင်ဒိုနီးရှားသမ္မတနဲ့ ဝါရှင်တန်ဒီစီရှိ သမ္မတ အိမ်ဖြူတော်မှာ တွေဆုံရာမှာ မြန်မာနိုင်ငံအရေး အပါအ၀င်တခြား အရေးကြီးတဲ့ ကိစ္စရပ်တွေကိုဆွေးနွေးတယ်လို့ ဆိုပါတယ်။ အမေရိကန်နဲ့ အင်ဒိုနီးရှားအနေနဲ့ ဆိုင်ဘာလုံခြုံရေး အပါအ၀င် လုံခြုံရေးဆိုင်ရာ သဘောတူညီချက်အပြင် နယူးကလီးယား ခြိမ်းခြောက်မှု အန္တရာယ်အတွက် ပူးတွဲလေ့ကျင်ရေးတွေပါ ပြုလုပ်ဖို့ရှိနေပါတယ်။

အင်ဒိုနီးရှား သမ္မတဟာ အမေရိကန်နိုင်ငံအနောက်ဘက်ခြမ်း ဆန်ဖရန်စ္စကိုမြို့ မှာ ပြုလုပ်မယ့် အာရှပစ္စဖိတ် စီးပွားရေး ပူးပေါင်းဆောင်ရွက်ရေး အစည်းအ၀ေး (APEC) ကို တက်ရောက်ဖို့ ရောက်ရှိလာတာဖြစ်ပြီး သမ္မတဘိုင်ဒင်ကို အိမ်ဖြူတော်မှာ လာရောက်တွေ့ဆုံတာပါ။ အမေရိကန် သမ္မတဟာ တရုတ်သမ္မတ ရှီကျင့်ဖျင်နဲ့လည်း လာမယ့် ဗုဒ္ဓဟူးနေ့မှာ ဆန်ဖရန်စ္စကိုမြို့ မှာ တွေ့ဆုံဖို့ရှိပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။