အငြင်းပွားနေဆဲ မြေမှာ အိန္ဒိယက ဆောက်လုပ်မှုုတွေ တိုးချဲ့
2014.07.13

မြန်မာ-အိန္ဒိယနှစ်နိုင်ငံနယ်စပ်မျဉ်း နယ်ခြားအမှတ် BP-77 နဲ့ BP-79 တွေအနီး အငြင်းပွားနေဆဲ နယ်မြေမှာ အိန္ဒိယနိုင်ငံက အဆောက်အအုံတွေ တိုးချဲ့ဆောက်လုပ်နေတာကြောင့် စစ်ကိုင်းတိုင်းဒေသ ကြီး ကလေးမြို့မှာ အရပ်ဘက်လူမှု အဖွဲ့ အစည်းပေါင်း၂၀ ကျော်နဲ့ ရာချီရှိတဲ့ ဒေသခံတွေက ဒီနေ့ အိန္ဒိယအစိုးရကို ကန့်ကွက်ဆန္ဒပြခဲ့ကြပါတယ်။
အခုလို ဆန္ဒပြခဲ့ကြတာနဲ့ ပတ်သက်ပြီး ချင်းတွင်းလူငယ် ကွန်ရက်အဖွဲ့ဝင် ကိုကျော်သက်ဝင်းက အခုလိုပြော ပါတယ်။
" BP-77 နဲ့ 79 ကြားထဲမှာလည်း မြန်မာပိုင်နယ်ခြား မှတ်တိုင် ဖြေရှင်းလို့မရသေးတဲ့ နှစ်နိုင်ငံ အငြင်း ပွားနေတဲ့ နယ်နိမိတ်မှာ အိန္ဒိယနိုင်ငံဘက် က တော်တော်များများကြီးပါတယ်၊ ဝင်ပြီးတိုးချဲ့ဆောက်လုပ်ထားတာတွေ တွေ့ရတယ်ဗျ၊ ရွာပေါင်းကို ၃ ရွာ ၄ ရွာလောက်က ရွာအကြီးကြီးတွေပဲ ဆောက်ထားတယ်၊ အိန္ဒိယနိုင်ငံက မျိုးနွယ်စုတိုင်းရင်းသားတွေပဲ နေထိုင် ပါတယ်ဗျ၊ နယ်စပ်ကျူးကျော်မှှုကလည်း အင်မတန်မှ စိုးရိမ်အနေအထားမျိုး ဖြစ်လာရတဲ့ အနေအထား အတွက်ကြောင့်မို့လို့ ကျနော်တို့က ဘင်္ဂလားဒေရှ့်နယ်စပ်လူမျိုးက ရခိုင်ဒေသလိုမျိုး နောင်အချိန်မှာ အဖြစ်မခံနိုင်ဘူး၊ အဲ့ဒါကြောင့်မို့လို့ ကျနော်တို့ အရပ်ဘက်အဖွဲ့အစည်းတွေနဲ့ ဒီနေ့ ကန့်ကွက်ဆန္ဒပြရမဲ့ပွဲမှာ အင်အား ၃၀၀ ကျော်နဲ့ ဆန္ဒပြကြတယ် "
နယ်နိမိတ်အငြင်းပွားမှုနဲ့ ပတ်သက်ပြီး ဒေသခံအရပ်ဘက်အဖွဲ့အစည်းတွေ ဆန္ဒပြကြတာ အခုတစ်ကြိမ်နဲ့ ဆိုရင်လေးကြိမ်ရှိပြီဖြစ်ပါတယ်။
ဒီနေ့ ဆန္ဒပြသူတွေဟာ မျိုးချစ်အောင်မြေဘုရားကနေ အိန္ဒိယ-မြန်မာ ချစ်ကြည်ရေးမှတ်တိုင်အထိ လမ်းလျှောက်ဆန္ဒပြခဲ့ကြတာလို့ သိရပါတယ်။