ကော်သူးလေတပ်မတော် ဖွဲ့စည်းတာ မည်သူ့လွှမ်းမိုးမှုမှ မရှိဟု ကြေညာ


2014.11.02
dkba-troop-305.jpg ဒီမိုကရေစီအကျိုးပြု ကရင်တပ်မတော် DKBA တပ်ဖွဲ့ဝင်တွေ စစ်ရေးပြနေစဉ်
Photo: Kyaw Lwin Oo, Kyaw Zaw Win/RFA

မကြာသေးခင်က ကရင်လက်နက်ကိုင် လေးဖွဲ့ပူးပေါင်း ပြီး ဖွဲ့စည်းခဲ့တဲ့ ကော်သူးလေ တပ်မတော် KAF ဟာ ဘယ်နိုင်ငံရေး အဖွဲ့အစည်းတစ်ခုခုရဲ့ လွှမ်းမိုးမှုမှ မရှိကြောင်း ဒီမိုကရေစီအကျိုးပြု ကရင်တပ်မတော် DKBA က ဒီကနေ့ ကြေညာလိုက်ပါတယ်။

ကော်သူးလေ တပ်မတော်မှာ ကရင်လက်နက်ကိုင် အဖွဲ့အစည်းအားလုံးကို ပါဝင်ခွင့်ပြုထားတဲ့အတွက် တပ်ပိုင်းဆိုင်ရာ စီမံခန့်ခွဲရေးတွေနဲ့ပတ်သက် ပြီး ရေရှည်မှာ ပြဿနာမရှိအောင် အခုလိုကြေညာချက် ထုတ်တာဖြစ်တယ်လို့ DKBA ဒုတိယစစ်ဦးစီးမှူး ဗိုလ်မှူးထွန်းထွန်းက ပြောပါတယ်။

"ပွဲတစ်ပွဲအခြေအနေမှာလေ လုပ်ရ ကိုင်ရ ၊ ပေါင်းရအောင်ဆိုလိုတာက KAF ဆိုတဲ့အောက်မှာကျတဲ့ အခါကျတော့ အားလုံးတန်းတူပဲလေ၊ ဘယ်သူ့ကိုမှဘယ်သူ လွှမ်းမိုးမှှုမရှိဘူးဆိုတော့ နိုင်ငံရေးအရရောဘာရော တချိန်တခါမှာ လွှမ်မိုးမှှုမဖြစ်လာနိုင်အောင် ကြိုပြောတာ၊ ရှင်းရှင်လင်းလင်းဖြစ်အောင်ဒါလုပ်ထားတဲ့ သဘောပဲ၊ ဖွဲ့စည်းဖို့လိုအပ်လာပြီဆိုတဲ့အပေါ်မှာ နိုင်ငံတော်အုပ်ချုပ်ရေး အာဏာပိုင်အပိုင်း ကလည်း တောင်းဆိုတယ်၊ လူထုသဘောထားကလည်း နားထောင်ကြည့်တဲ့ အခါကျတော့လည်း လူထုကလည်း တောင်းဆိုတယ်၊ အဲ့ဒီဆုံချက်အပေါ်မှာ ကျနော်တို့ကလည်း ဖွဲ့ခဲ့တာပါ"

ကရင်အမျိုးသား လက်နက်ကိုင်တပ်ဖွဲ့တွေဖြစ်တဲ့ KNLA ၊ KNDO ၊ DKBA ၊ KNU/KNLA-PC တို့က ပြီးခဲ့ တဲ့အောက်တိုဘာလ ၂၉ ရက်နေ့က ကော်သူးလေ တပ်မတော်ကို ဖဲ့ွစည်းခဲ့တာဖြစ်ပါတယ်။

ကရင်အမျိုးသားအစည်းအရုံး KNU အနေနဲ့လည်း ကော်သူးလေတပ်မတော် ဖွဲ့စည်းတဲ့အပေါ် မူအရ သဘောတူထားပြီး ဖြစ်တယ်လို့သိရပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။